ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း


နေပြည်တော်၊ သြဂုတ် ၂၅၊ ၂၀၂၁

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၅ သန်းကို သြဂုတ်လ ၂၅ ရက်နေ့မှာ ဈေးပြိုင် လေလံ စနစ်နဲ့ ထပ်မံ ထုတ်ရောင်းကြောင်း သိရပါတယ်။

အဆိုပါ ဒေါ်လာ ၅ သန်းအား ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာလျှင် ၁,၆၆၃ ကျပ်နှုန်းနဲ့ ထုတ်ရောင်းခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ် အနေနဲ့ အခု အမေရိကန် ဒေါ်လာ ထုတ်ရောင်းမှုမှာ ဩဂုတ်လအတွင်း ၇ ကြိမ်မြောက် ရောင်းချခြင်းလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ကလည်း ဒေါ်လာ ၁၀ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၆၀ ကျပ် နှုန်းနဲ့ ထုတ်ရောင်း ထားပါသေးတယ်။

ဗဟိုဘဏ်က ဩဂုတ်လ ၂ ရက်နေ့မှာ ဒေါ်လာ ၃ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၄၇  ကျပ်၊ ဩဂုတ်လ ၃ ရက်နေ့က ဒေါ်လာ ၂ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၅၀ ကျပ်၊ ဩဂုတ်လ ၄ ရက်နေ့က ဒေါ်လာ ၃ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၄၇ ကျပ်၊ ဩဂုတ်လ ၉ ရက်နေ့က ဒေါ်လာ ၂ သန်းခွဲကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၄၆ ကျပ်၊ ဩဂုတ်လ ၁၂ ရက်နေ့က အမေရိကန် ဒေါ်လာ ၂ သန်းခွဲကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၅၀ ကျပ်၊ သြဂုတ်လ ၂၃ ရက်နေ့က ဒေါ်လာ ၁၀ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၆၀ ကျပ် နှုန်းနဲ့ ရောင်းချခဲ့ပြီး အခု သြဂုတ်လ ၂၅ ရက်နေ့မှာ ဒေါ်လာ ၅ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာ ၁၆၆၃ ကျပ်နှုန်းနဲ့ သတ်မှတ် ရောင်းချခြင်း ဖြစ်ကြောင်း သိရပါတယ်။


ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း  ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.