ဖယ်ခုံ မြို့တော်ခန်းမ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချိန် ဗုံးပေါက်ကွဲ ရဲနှင့် မီးသတ် (၂)ဦးသေ၊ ဒဏ်ရာရသူများ


သျှမ်းသံတော်ဆင့်၊ သြဂုတ် ၃ 

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ယနေ့ (သြဂုတ် ၃)ရက်  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး  အစောင့်ရဲ နှင့် မီးသတ် (၂)ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ထိုပေါက်ကွဲမှုကြောင့် ရဲနှင့် မီးသတ် (၂)ဦး သေဆုံးသွားသည့်အပြင်  ဆေးထိုးလာသည့် သူများ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း ဖယ်ခုံမြို့ မျက်မြင်တွေ့ရှိသူများက ပြောပြသည်။

“ဗုံးပေါက်ကွဲမှုမှာ အစောင့်ရဲတပ်သားနှစ်ဦးတော့အထိနာတယ်၊ သေတဲ့သူလည်း ရှိတယ်လို့ ကြားပါတယ်၊ အခင်းဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်သားတွေက ချက်ချင်းရောက်လာကြပါတယ်၊ ထိခိုက်ဒဏ်ရာရသူ နဲ သေဆုံးသူ အရေအတွက်ကိုတော့ မသိရသေးဘူး” ဟု ဖယ်ခုံမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနသည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီတပ်သားများက အင်အားအများအပြားနှင့် လာရောက်စစ်ဆေးပြီး၊ ထိုဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိသည့် အပြင် သေဆုံးသူများရှိသည့် သတင်းများကြားရကြောင်းလည်း ၎င်းကပြောသည်။ 

အဆိုပါ သျှမ်းပြည်နှင့် ကယားနယ်စပ် ဖယ်ခုံမြို့ကဲ့သို့သော နယ်စပ်မြို့များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီကို မကြာခဏ ထပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲဖြစ်ပွားလေ့ရှိသည့်နေရာဖြစ်သည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ဖယ်ခုံ မြို့တော်ခန်းမ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချိန် ဗုံးပေါက်ကွဲ ရဲနှင့် မီးသတ် (၂)ဦးသေ၊ ဒဏ်ရာရသူများ ဖယ်ခုံ မြို့တော်ခန်းမ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချိန် ဗုံးပေါက်ကွဲ ရဲနှင့် မီးသတ် (၂)ဦးသေ၊ ဒဏ်ရာရသူများ Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.