ပန်ဆိုင်းမြို့ပေါ် တိုက်ပွဲပြင်းထန်


သျှမ်းမြောက် မူဆယ်မြိုု့နယ် ပန်ဆိုင်းမြို့ ပေါ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့သည် ယနေ့ (သြဂုတ် ၂၀)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် MNDAA တို့သည် ပန်ဆိုင်းမြို့ ရှိ ရဲစခန်း အနီးတဝှိက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ပန်ဆိုင်းဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့ ရဲ့ ဘုရားကျောင်းထဲ လက်နက်ကြီးကျတယ်။  ရေပူ၊ရေအေး စက် (၃)လုံး ထိပြီး ပျက်သွားတယ်။ တိုက်ပွဲက (၁၅)မိနစ်ပဲဖြစ်တယ်။ ကျမတို့ အခု ဘယ်မှ မသွားရဲဘူး။ အိမ်ထဲမှာပဲနေနေရတယ်” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ ပေါ်ရှိ နေအိမ်များ ထိခိုက်မှုများပြားသော်လည်း အသေးစိတ် အချက်အလက်ကို မရရှိသေးကြောင်း၊ မည်သည့် တစ်ဦးတယောက်မှ  နေအိမ်အပြင်သို့မထွက်ရဲကြောင်း လည်း အထက်ပါ အမျိုးသမီးက ပြောသည်။

ပန်ဆိုင်းမြို့ အနီးတဝှိက်တွင် စစ်ကောင်စီ နှင့် MNDAAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာခဲ့သည်မှာ ၃ရက်ခန့်ရှိလာပြီဖြစ်ပြီး၊ နေ့စဉ်နှင့်အမျှ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရကြောင်း၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသဖြင့် ပန်ဆိုင်းမြို့ ပြည်သူများနေအိမ်မှ အပြင်မသွားရဲကြောင်း သိရသည်။

“ တိုက်ပွဲက ၃ရက်လောက်ရှိပြီးဖြစ်နေတာ။ ပြည်သူတွေကလည်း ဘယ်မှ မသွားရဲကြဘူး။ ကြောက်နေကြတယ်။ မြို့ပေါ်ထိ တက်ဖြစ်တာတော့ မကောင်းဘူး။ ဖြစ်ရင်တခြားနေရာမှာ ဖြစ်စေချင်တယ်” ဟု ပန်ဆိုင်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့နယ် အတွင်း MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်လာသဖြင့် လက်ရှိမှာ ပန်ဆိုင်းမြို့နယ် တရုတ်နယ်စပ်မျဉ်းပေါ်တွင် စစ်ရှောင် (၁၄၀၀) ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ပန်ဆိုင်းမြို့ပေါ် တိုက်ပွဲပြင်းထန် ပန်ဆိုင်းမြို့ပေါ် တိုက်ပွဲပြင်းထန် Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.