ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ဆက်လက်ကူညီမယ်


ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသွားရတဲ့ မြန်မာပြည်သူတွေအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် သောမက်စ် ဗန်ဒါက ပြောပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုနေကြပြီး အခုတော့ ဆိုးရွားတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

ကပ်ရောဂါကြီး စတင်ပြန့်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်နဲ့ဆိုင်တဲ့ အကူအညီတွေ ထောက်ပံကူညီဖို့အတွက် မြန်မာနိုင်ငံကို အမေရိကန်ဘက်က ဒေါ်လာ သန်း ၂၀ ထောက်ပံခဲ့တယ်။ဒီအကူအညီတွေကြောင့် လူပေါင်း သန်းနဲ့ချီဟာ ဗိုင်းရပ်စ်ပိုး မကူးစက်အောင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ခဲ့တယ်။ ကိုဗစ် လူနာတွေကို ကုသပေးနေတဲ့ လူနည်းစု တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေအပါအ၀င် အစိုးရမဟုတ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်း ၆၅၀ ကျော်ကိုလည်း အမေရိကန်ဘက်က ပံ့ပိုးကူညီခဲ့တယ်လို့လည်း သံအမတ်ကြီးက သောမက်စ်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးတရားစွဲဆိုခံရမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ထွက်ပြေးနေကြသူတွေအပါအ၀င် မြန်မာပြည်သူတွေအတွက် အရေးတကြီးလိုအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့အတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ထပ်မံကူညီသွားမယ်လို့ ဆိုပါတယ်။

လူထုကျန်းမာရေးကပ်ဘေးအန္တရာယ်ကနေ ကျော်လွှားနိုင်အောင် မြန်မာပြည်သူတွေကို အကူအညီပေးဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ Global Fund နဲ့ နိုင်ငံတကာဆိုင်ရာ ကာကွယ်ဆေး မဟာမိတ်အဖွဲ့ Gavi တို့ အပါအ၀င် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေကို အမေရိကန်အနေနဲ့ ရန်ပုံငွေ ဆက်လက်ထောက်ပံ့ကူညီပေးသွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ဆက်လက်ကူညီမယ် ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ဆက်လက်ကူညီမယ် Reviewed by THITHTOOLWIN on 06:44 Rating: 5

No comments:

Powered by Blogger.