မြိုင်မှာ အိမ်ရှင်ကို သေနတ်နဲ့ပစ် ဓားပြတိုက်ပြီး ကျပ်သိန်း ၇၀၀ ယူသွား


မြိုင်၊ ဩဂုတ် ၁၉၊ ၂၀၂၁။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာမှာ ဒီကနေ့ နံနက်အစောပိုင်းက အိမ်ခြံဝန်းအတွင်း ခိုးဝင်လာပြီးအိမ်ရှင်ကိုသေနတ်နဲ့ပစ်ကာ ကျပ်သိန်း ၇၀၀ ကိုဓားပြတိုက် လုယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဓားပြတိုက်ခံရပြီး သေနတ်မှန်သူမှာ ဆူးဝင်းကျေးရွာ အရှေ့ပိုင်းက ဦးမျိုးထွန်းဖြစ်ပြီး၊ အမည်မသိသူနှစ်ဦးက အိမ်တခါးဖွင့်နေစဉ် အိမ်ရှင်မြင်သွားပြီး မေးမြန်းခဲ့ရာ သေနတ်နဲ့ပစ်ခံရပြီး၊ အိမ်ရှင်ရဲ့ ပါးကိုသေနတ်မှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

"မနက်ခင်းကဖြစ်တာ၊ လာတာက သေနတ်နဲ့ ၂ ယောက်ထဲလို့ သိရတယ်။ ပစ်တုန်းကခေါင်းကိုပစ်တာဖြစ်ဖို့များတယ် ဒါပေမယ့် ပါးကိုပဲ မှန်သွားတယ်။ အခုဆေးကုသခံနေတယ် အိမ်ရှင်က သိန်း ၇၀၀ လောက်ပါသွားတယ်။ ဒီလိုမျိုး လက်နက်ကိုင်ပြီးတော့ လုယက်တယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်လာတာဟာ မယုံနိုင်စရာ အခြေအနေကြီး တခုပါပဲ။" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီလက်နက်ကိုင်ဆောင်ထားသူနှစ်ဦးက အိမ်အတွင်းဝင်သို့ဝင်ရောက်ပြီး အိမ်ရှင်ကို မီးခံသေတ္တာဖွင့်ခိုင်းကာ ကျပ်သိန်း ၇၀၀ ကို ဓားပြတိုက်ယူဆောင်သွားခဲ့တာကြောင်း အဆိုပါဒေသခံထံက သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan

https://www.facebook.com/myaelattathan

မြိုင်မှာ အိမ်ရှင်ကို သေနတ်နဲ့ပစ် ဓားပြတိုက်ပြီး ကျပ်သိန်း ၇၀၀ ယူသွား မြိုင်မှာ အိမ်ရှင်ကို သေနတ်နဲ့ပစ် ဓားပြတိုက်ပြီး ကျပ်သိန်း ၇၀၀ ယူသွား Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.