ရန်ကုန်ကဆေးဝါးဂိုဒေါင်တချို့ ပိတ်သိမ်းခံရ


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆေးပစ္စည်းတွေအဓိကတင်သွင်းဖြန့်ဖြုးရာဈေးကွက်တွေဖြစ်တဲ့ မင်္ဂလာဈေးနဲ့ဗိုလ်ချုပ်ဈေးအနီးမှာရှိတဲ့ ဈေးဂိုဒေါင်တချို့ကို သြဂုတ် ၁၁ ရက်နေ့မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရရုံးကဝန်ထမ်းတွေ လာရောက်ပိတ်သိမ်းသွားတယ်လို့ ဂိုဒေါင်ပိုင်ရှင်တချို့ကပြောပါတယ်။

" အဓိကတော့အခုဈေးကွက်ထဲမှာ ဝယ်လိုအားရော ရောင်းလိုအားပါကောင်းနေတဲ့ ကိုဗစ်လူနာတွေအများဆုံးသုံးတဲ့ သွေးကျဲဆေးတွေကို တင်သွင်းဖို့ register လုပ်ထားတာ စာရင်းသွင်းထားတာမရှိဘူးဆိုပြီးပိတ်သွားတာ။သူတို့ပဲတင်သွင်းခွင့်ပြုလို့တင်သွင်းလာကြတာလေ။ ဒီရောက်မှာ စာရင်းမသွင်းထားဘူးဆိုပြီး ပိတ်သွားတာ " လို ဆေးဂိုဒေါင်တစ်ခုက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၆မြို့နယ်က ဆေးဂိုဒေါင်တွေကိုလိုက်လံပိတ်သိမ်းတာဖြစ်ပြီး အခုလို ဆေးဂိုဒေါင်တွေ ပိတ်သိမ်းခံရတာနဲ့ပတ်သက်လို့ ကုန်သည်စက်မှုအသင်းချုပ်ကတာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်ရာမှာလည်း ပိတ်သိမ်းရတဲ့ဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းချုပ် UMFCCI နဲ့ပြည်တွင်းမှာရှိတဲ့ ဆေးဝါးတင်သွင်းဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေ တွေ့ဆုံပြီး ပြည်ပကနေ ဆေးပစ္စည်းတွေအလွယ်တကူတင်သွင်းနိုင်ဖို့၊ ဈေးကွက်အတွင်းဆေးဝါးတွေမပြတ်လပ်စေဖို့နဲ့ဈေးနှုန်းတက်တာတွေထိန်းချုပ်ဖို့အတွက်အစည်းဝေးပြုလုပ်ခဲ့ကြတယ်လို့UMFCCI ကသတင်းထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

ရန်ကုန်ကဆေးဝါးဂိုဒေါင်တချို့ ပိတ်သိမ်းခံရ ရန်ကုန်ကဆေးဝါးဂိုဒေါင်တချို့ ပိတ်သိမ်းခံရ Reviewed by THITHTOOLWIN on 02:26 Rating: 5

No comments:

Powered by Blogger.