စစ်ကောင်စီနဲ့ သဘောတူတဲ့ စီမံကိန်းတွေကို တရုတ်က ထောက်ပံ့မယ်

SOURCE/PHOTO: Reuters, AFP – စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကာလ ဗဟိုဘဏ်ရှေ့က စစ်သား (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)။

၁၁ သြဂုတ် ၂၀၂၁

မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆ သန်းကျော် လွှဲပေးမယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။

တရုတ်အကူအညီ ရန်ပုံငွေကို မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းထဲကို လွှဲပေးမှာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီလုပ်ငန်းထဲမှာ တိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးရေး၊ ယဥ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွား၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး စတဲ့လုပ်ငန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အရပ်သားအစိုးရကို အာဏာသိမ်းထားတဲ့ မြန်မာစစ်အာဏာရှင်ဘက်က ရပ်တည်တဲ့ တရုတ်ကို မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဆန့်ကျင်ပါတယ်။

စစ်အာဏာရှင်က ဆန္ဒပြပြည်သူတွေကို သတ်ဖြတ် အကျဥ်းချနေမှုကို ပြစ်တင်ရှုတ်ချတဲ့ အနောက်နိုင်ငံတွေနဲ့ မတူဘဲ တရုတ်ဟာ ဒေသတွင်းတည်ငြိမ်ရေးကို ဦးစားပေးပြီး တပါးသူနိုင်ငံအရေး ဝင်မစွက်ရဘူးလို့ ပြောနေတာပါ။

မကြာသေးမီနှစ်ပိုင်းကစလို့ မြန်မာအပေါ် တရုတ်သြဇာ လွှမ်းမိုးမှု မြင့်တက်လာပြီး နိုင်ငံဖြတ်ကျော် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်လိုက်ပြီး စီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းစီမံကိန်းတွေ လုပ်နေပါတယ်။

အနောက်နိုင်ငံတွေကတော့ မြန်မာကို အရေးပေါ်အကူအညီတချို့ ဆက်ပေးနေပါတယ်။ အမေရိကန်က ဒေါ်လာသန်း ၅၀ အကူအညီပေးမယ်လို့ အင်္ဂါနေ့ကပဲ ကြေညာလိုက်တာပါ။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်ကောင်စီနဲ့ သဘောတူတဲ့ စီမံကိန်းတွေကို တရုတ်က ထောက်ပံ့မယ် စစ်ကောင်စီနဲ့ သဘောတူတဲ့ စီမံကိန်းတွေကို တရုတ်က ထောက်ပံ့မယ် Reviewed by THITHTOOLWIN on 02:08 Rating: 5

No comments:

Powered by Blogger.