လာရှာသူကို မတွေ့လို့ ယောက္ခမဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး


ပြည်၊ ဩဂုတ်၁၄၊ ၂၀၂၁။

ပြည်မြို့မှာ ဒီကနေ့ မနက် အစောပိုင်းမှာ စစ်ကောင်စီက ဖမ်းဖို့ လာရှာသူကို မတွေ့လို့ ယောက္ခမဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၅နာရီလောက်မှာ အောင်ဆန်း ဥယာဉ်စုရပ်ကွက် Eလမ်းထဲက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် အင်အား အများအပြားနဲ့ လာပြီး ရှာဖွေကြတာဖြစ်တယ်လို့ ပြောပါတယ်။

" မနက်အစောကြီး အင်အားနည်းနည်းပဲ အရင်လာတာ ပြီးတော့မှ ကား၅စီး လောက်နဲ့ ဝင်လာပြီး သူတို့ရှာတဲ့ သူမတွေ့လို့ အဲ့အိမ်က ယောက္ခမကို ဖမ်းသွားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အောင်ဆန်းရပ်ကွက် ၊ရွှေမြရတနာကျောင်းအနီးက ရပ်ဖိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးသက်ဦး ဖြစ်ပြီး လက်ရှိမှာ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

လာရှာသူကို မတွေ့လို့ ယောက္ခမဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး လာရှာသူကို မတွေ့လို့ ယောက္ခမဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး Reviewed by THITHTOOLWIN on 01:37 Rating: 5

No comments:

Powered by Blogger.