ပြည်၊ ဩဂုတ် ၃၊ ၂၀၂၁။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တဦးလည်းဖြစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ကိုမင်းမင်းထွန်းကို ဖခင်ဖြစ်သူ နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူ ကိုမင်းမင်းထွန်းမှာ ပြည်မြို့ ဗိုလ်ချုပ်လမ်းမှ နာမည်ကြီး အပ်ချုပ်ဆိုင် တင်မြင့်တေလာပိုင်ရှင် ဦးတင်မြင့်၏ သားဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းက ဖခင်ဖြစ်သူ ဦးတင်မြင့် ကွယ်လွန်သွားသဖြင့် နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဖမ်းဆီးရခြင်းနဲ့ပါတ်သက်ပြီးမသိရှိရသလို့၊ ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာကိုလည်း မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
ပြည်မြို့က နိုင်ငံရးတက်ကြွလှုပ်ရှာသူတဦး ဖခင်နာရေးပြုလုပ်နေစဉ် အဖမ်းခံရ
Reviewed by THITHTOOLWIN
on
23:29
Rating:

No comments:
Post a Comment