UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို

UWSACopyright: UWSA

UWSA ထိန်းချုပ်ရာ ဝ အထူးဒေသက အသက်၁၈နှစ်အထက် လူဦးရေ ၃ သိန်းနီးပါးလုံး ကာကွယ်ဆေး ၂​ကြိမ်ထိုးပြီးသွားပြီလို့ ဝ ဒေသပြောခွင့်ရ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။

ကာကွယ်ဆေးအားလုံးကို တရုတ်နိုင်ငံက အခမဲ့ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

" အခုချိန်ထိတော့ ကိုဗစ်ကြောင့် သေဆုံးသူတော့ မရှိဘူး။ ပေါ့စတစ်လူနာကတော့ ၃၀၀ နီးပါး တွေ့ခဲ့ပြီး ဆေးရုံက ဆင်းသွားခဲ့ပြီ ဖြစ်တယ်။ ပေါ့စတစ်တွေကတော့ ပြင်ပကလာတဲ့သူတွေ များပါတယ်။ ကာကွယ်ဆေးက ဒေသခံရော ပြင်ပလူရောအားလုံးကို အခမဲ့ ထိုးပေးပါတယ်။ ၂ လပိုင်းကတည်းက စထိုးပေးတာပါ"လို့ သူက ပြောပါတယ်။

UWSA ထိန်းချုပ်ရာ ဝ အထူးဒေသအတွင်းက မြို့နယ်တွေမှာ တစ်မြို့နဲ့တစ်မြို့ ကူးလူးသွားလာခွင့်ကို နှစ်ပတ်တစ်ကြိမ် ဆေးစစ်ပြီးသွားလာခွင့်လက်မှတ်ရမှသာ သွားခွင့်ပြုတယ်လို့လည်း သိရပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-57783160

UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို  UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.