မြန်မာအတွက် ကိုဗစ်အကူအညီ အရေးပေါ်ပေးဖို့ SAC-M တောင်းဆို

ကိုဗစ်နဲ့သေဆုံးသူတွေကို စေတနာ့ဝန်ထမ်းအဖွဲ့တွေက ကူညီသယ်ယူပေးနေစဉ်။

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ကိုဗစ် တတိယလှိုင်းကိုကြံနေရပြီး အရေးပေါ်အကူအညီတွေ အရေးတကြီးလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ကိုဗစ် ကပ်ရောဂါအကြပ်အတည်းအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တခြားနိုင်ငံတွေက မြန်မာပြည်သူတွေ တိုက်ရိုက်အကူအညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လက်နက်ကိုင်အစိုးရအဖွဲ့ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးပြီး ကိုဗစ် -၁၉ ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေတယ်လို့လည်း SAC-M အဖွဲ့ဝင် ဒေါက်တာ ယန်ဟီးလီက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒီအတောအတွင်းမှာပဲ မနှစ်ကတနှစ်လုံး ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေကြရင်း သန်းပေါင်းမ ျားစွာသော ကလေးတွေဟာ ပိုလီယိုနဲ့ဝက်သက်လို ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေအတွက် မထိုးမဖြစ်တဲ့ အခြေခံ ကာကွယ်ဆေးတွေထိုးခွင့်မရခဲ့ကြဘူးလို့ WHO ကပြောပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ ကလေးတိုင်း ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးမထိုးလိုက်ရတဲ့ကလေးတွေ ၂၃ သန်းရှိပြီး ဒါဟာ ၂၀၁၉ခုနှစ်ကထက် ၃.၇ သန်း ပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။ အဲဒီနှစ်အပိုင်းအခြားအတွင်း ကလေးပေါင်း ၁၇ သန်းဟာ ဘာ ကာကွယ် ဆေးမှရခဲ့ပုံမရှိဘဲ ကာကွယ်ဆေးရရှိမှု အကြီးအကျယ် မညီမမျှဖြစ်နေကြောင်း WHO က ပြောတာပါ။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/myanmar-covid-sac-m-urgent-need-aids-/5968353.html

မြန်မာအတွက် ကိုဗစ်အကူအညီ အရေးပေါ်ပေးဖို့ SAC-M တောင်းဆို မြန်မာအတွက် ကိုဗစ်အကူအညီ အရေးပေါ်ပေးဖို့ SAC-M တောင်းဆို Reviewed by THITHTOOLWIN on 22:35 Rating: 5

No comments:

Powered by Blogger.