ယင်းမာပင်မှာ PFD နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် (ဒေသခံ အမျိုးသမီးတဦး)

ယင်းမာပင်ခရိုင်က စစ်ရှောင်ဒုက္ခသည်များ (Photo - Citizen Journalist)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် နတ်ထောက်အုပ်စု အုန်းစုံ တောပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ကြား ဇူလိုင်(၂၅) တနင်္ဂနွေနေ့ညအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဒေသခံအမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

" တိုက်ပွဲက နတ်ထောက်အုပ်စု အုန်းစုံတောပြင်မှာ တိုက်ပွဲဖြစ်နေတာပါ။ အခု ကျမတို့ မိုးချုပ်အထိ ဖြစ်နေတုန်းပဲ RPG တွေနဲ့ ထုတယ်တဲ့။ ကျမတို့ PDF တွေ မကပ်နိုင်ဘူး။ အခုဟာက ရွာထဲက နွားတွေလည်း သတ်စားတယ်၊ လူတွေကိုလည်း ပစ်တယ်ခတ်တယ်။ ဘုန်းကြီးတပါး ထိမှန်တယ်လို့ ပြောတယ်။ "

အဲဒီဒေသမှာ အိမ်ခြေ (၅၀)ကျော်ရှိပြီး ရွားသား(၁၅၀)ကျော် ထွက်ပြေး တိမ်ရှောင်နေရတယ်လို့ သိရပြီး ၊ ဒီတိုက်ပွဲသတင်း အသေးစိတ်ကို အတည်ပြုနိုင်ဖို့ VOA က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီအတောတွင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့မှာ နေ့စဉ်ဆိုသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေ ရှိပြီး၊ စစ်ကောင်စီတပ်တွေက လာရောက်ဖြိုခွဲရာမှာ စနေနေ့က ရွာသားတချို့အဖမ်းခံရသလို ၊ ကိုဗစ်ကြောင့် ဆားလင်းကြီးမြို့အဝင် စာသင်ကျောင်းမှာ ကွာရမ်တင်း ဝင်နေတဲ့ လူ(၅)ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။ ဆန္ဒပြပွဲထဲ မပါပေမယ့် အခုလို အဖမ်းခံရသူတွေထဲမှာ DVB သတင်းထောက်ဟောင်း ကိုမိုးမင်ဦးလည်း ပါဝင်တယ်လို့လည်း ဒေသခံ အမျိုးသမီးက ပြောပါတယ်။

တချိန်ထဲမှာပဲ စစ်ကိုင်းတိုင်း ကနီမြို့နယ် အရှေ့ဖက်ခြမ်း နတ်ကြီး ၊ စဖိုကြီး ရွာတွေဖက်မှာ စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း ဒေသခံ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်ကြား မနေ့က တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/yinmarbin-fighting-between-pdf-sac-troops/5978629.html

ယင်းမာပင်မှာ PFD နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် (ဒေသခံ အမျိုးသမီးတဦး) ယင်းမာပင်မှာ PFD နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် (ဒေသခံ အမျိုးသမီးတဦး) Reviewed by THITHTOOLWIN on 05:14 Rating: 5

No comments:

Powered by Blogger.