ကနီတိုက်ပွဲ ဖမ်းခံရတဲ့ PDF တွေ အလောင်းပဲပြန်ရ



Share/Bookmark
တိုင်းရင်းသားနယ်ြမေထဲမှာ လှုပ်ရှားနေတဲ့ မြန်မာစစ်တပ် (ဓာတ်ပုံ - AP)

စစ်ကိုင်းဒေသကြီး ကနီနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDFတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရပြီး ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို အလောင်းပဲ ပြန်ရခဲ့တယ်လို့ ဒေသခံ PDFတွေဘက်က ပြောပါတယ်။ ဒါ့အပြင် ရွှေကူအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်တွေကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်း ကိုသားညွန့်ဦးပြောပြပါမယ်။

မနေ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့ ကနီနယ်ထဲက ဇီပင်ကွင်းနဲ့ ညောင်ပင်သာ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ PDF တွေဘက်က နောက်ဆုတ်ပေးခဲ့ပြီး PDF တွေဘက်က ဒဏ်ရာရ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာပါ။

တိုက်ပွဲကြောင့် ဒဏ်ရာရရဖမ်းဆီးခံရသူတွေကို ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ သွားရောက် ရှာဖွေရာမှာတော့ စစ်ကောင်စီတွေဘက်က သတ်ပြီး ကျင်းတူးပြီး မြှုပ်နှံထားတဲ့ အလောင်း ၉ လောင်းနဲ့အတူ မမြုပ်နှံထားတဲ့ အလောင်း ၃ လောင်း စုစုပေါင်း ၁၂ လောင်းကို တွေ့ရှိခဲ့တယ်လို့ PDF တွေဘက်က ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ PDF တဦးကအခုလိုပြောပါတယ်။

"ဇီးပင်ကွင်းနဲ့ညောင်ပင်သာကြားမှာ အင်းတိုင်းပြန့်ပေါ်မှာစဖြစ်တာ တောလေးပေါ့။ တောပြန့်လေး။ တိုက်ပွဲက ပြင်းထန်တယ်။ ကျွန်တော်တို့က ဒီတိုင်း တတန်းကြီး သွားနေချိန်မှာ သူတို့က RPG နဲ့ထုတယ်။ လူထုက RPG ဆိုတာလည်း သိပ်တော့မမြင်ဖူးတော့ ၇ လုံး ၈ လုံးလောက် ဆက်တိုက် ပစ်တော့ ကြောက်လန့်ပြီး ပြေးတဲ့အချိန်မှာ ပစ်ခံရတာ။ ဆုတ်တဲ့သူက ဆုတ်တယ် မလွတ်တဲ့သူတွေက သူတို့ပစ်ကွင်းထဲ အကုန်ဝင်ကြတာလေ။ မှန်တဲ့သူတွေထိတဲ့သူတွေ မထိတဲ့သူတွေကော အရှင်တွေ မိကုန်တာ။ ပြေးမလွတ်တာတွေကော။ သွားကြည့်တဲ့အချိန်ကြတော့ အလောင်းတွေကို တကျင်းကို ၃ ယောက်နှုန်းနဲ့ မြှုပ်ထားတယ်။ တချို့က ပေါင်တွေကျည်ဆံမှန်ထားတယ်။ ပြီးတော့မှမသေလို့ ခေါင်းတွေ ပစ်သတ်ထားတယ်။ တချို့ကျတော့ ကျည်ဆံမမှန်ဘဲ ဒီတိုင်းအရှင်ဖမ်းခံရတာကို ရိုက်သတ်ထားတာ တွေ့တယ်။ ဒဏ်ရာ ဒဏ်ချက်တွေက ညိုမဲနေတာ။ အရှင်ဖမ်းမိတာများတယ်။ သူတို့လက်ထဲမှာ သတ်ပစ်တာ။ တချို့ဆို သေနတ်ဒဏ်ရာတောင်မပါဘူး ဒီတိုင်းဖမ်းခံထားရတာ ရိုက်သတ်ထားတာ တွေ့တယ်။ စုစုပေါင်း မြှုပ်ထားတာက ၉ လောင်း အဖိုးကြီး ၂ ယောက်ရယ် တယောက်က ဒီတိုင်း ပစ်သတ်ထားတာ ၁၂ ယောက်သေတယ်။"

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်မှာလည်း ကနီမြို့နယ် ယင်းရွာ အနီး တောထဲက စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီး အမျိုးသမီးတွေကို ပြန်လွှတ်ပြီးတော့ အမျိုးသား ၁၅ ယောက်ကို စစ်ကောင်စီတပ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တချိန်တည်းမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ကို ဗန်းမော်ဘက်ကို စစ်ကူပေးဖို့ ရွှေကူမြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်သင်္ဘောတစီးကို KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလိုပြောပါတယ်။

"အဲ့ဒါက တိုက်ပွဲတော့မဟုတ်ဘူး။ ကျွန်တော်တို့ ကြားဖြတ်ပြီး ပစ်တာပေါ့။ တပ်ပိုင်းဆိုင်ရာ သင်္ဘောတွေ တက်လာတာကို ကျွန်တော်တို့ ကြားကနေ ဖြတ်ပြီးတော့မှ ပစ်တာပေါ့။ ပစ်လိုက်တော့ သင်္ဘောဘက်ကလည်း ပြန်ပြီး ခုခံ တုန့်ပြန်တဲ့အနေနဲ့ ပြန်ပစ်တယ်ဆိုတော့ တိုက်ပွဲပုံစံ ဖြစ်သွားတာပေါ့။"

ရွှေကူမြို့မှာတော့ စစ်ကောင်စီကို စစ်ကူလာပေးတဲ့ သင်္ဘောတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံရပြီး ကသာမြို့မှာဆိုရင်လည်းး စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေး တပ် KIA နဲ့ ကသာ PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်နေတာတွေလည်း ရှိပါတယ်။ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းနယ်စပ်တွေမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အခုရက်ပိုင်း ပိုစိပ်လာနေပါတယ်။


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/myanmar-military-troops-attacks-and-catch-pdf-forces-in-upper-myanmar/5980659.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ