မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြော

 မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြော

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂဆီကနေ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံမှုကတဆင့် ရရှိနိုင်ဖို့ရှိတယ်လို့NUGက တစ်ဆင့်သိရပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID 19 Task Force - CTF)ကို ဖွဲ့စည်းလိုက်ကာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ကာကွယ်ဆေးထိုးပေးရေးကိုပါ စီစဉ်ဆောင်ရွက်နေတယ်လို့ အဲဒီ အဖွဲ့ဆီက သိရပါတယ်။

နယ်စပ်ဒေသမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဆယ်စုနှစ် ၃ စုကျော်လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်း တယောက်လည်းဖြစ်၊ တိုင်းရင်းသားကျန်းမာရေး ကော်မီတီ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်က အဲဒီအဖွဲ့ကို ဦးဆောင်ပြီး၊ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တာဝန်ယူကာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက တာဝန်ရှိ သူများနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။

အလုံးရေ ၆ သန်းခန့်အရေအတွက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာပြည်အတွက် ရရှိဖို့ရှိတယ်လို့ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID 19 Task Force - CTF) အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ကိုဗစ် ၁၉ ဗိုင်းရပ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ - CTF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် တယောက်လည်းဖြစ်၊ တိုင်းရင်းသား ကျန်းမာရေးကော်မီတီ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ပဒိုမန်းမန်းက သူတို့ရဲ့ လုပ်ငန်းအစီအစဉ်တွေကို “နိုင်ငံတစ်ဝန်းမှာ လုပ်ဆောင်ဖို့ရည်ရွယ်ထားပြီး ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်တွေကို ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသား နယ်မြေတွေ၊ အထူးသဖြင့် လွတ်မြောက်နယ်မြေတွေဘက်က လူထုတွေအတွက် လုပ်ဆောင်နေပြီ”လို့ ရှင်းပြပါတယ်။

အရင် ပထမနဲ့ ဒုတိယလှိုင်းတွေမှာ တိုင်းရင်းသားဒေသလွတ်မြောက်နယ်မြေတွေဘက်မှာ ဗိုင်းရပ်စ် ကူးစက်မှုနည်းပါးခဲ့ပေမဲ့ အခုတကြိမ်မှာတော့ “ကရင်ဘက်မှာဆိုရင် ဒူးပလာယာခရိုင်နဲ့ ဘားအံခရိုင်တွေဘက်မှာ ကိုဗစ်ပျံ့နှံ့ကူးစက်တာတွေ ရာဂဏန်းနဲ့ ချီပြီးရှိနေပြီ” လို့ သူက ပြောပါတယ်။

ကိုဗစ် -၁၉ရောဂါပိုး ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးနဲ့ ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို သူတို့ လုပ်နေကြပြီလို့လည်း ဆိုပါတယ်။

ကာကွယ်ဆေးထိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ CTF က ရည်မျှော်ထားပြီး ဘယ်အချိန်မှာ စတင်နိုင်မယ်ဆိုတာတော့ အတိအကျ မသိနိုင်သေးသလို၊ဘယ်နေရာဒေသတွေကို ဦးစားပေးသွားမလဲ ဆိုတာလည်းမဆုံးဖြတ်ရ သေးဘူးလို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြော  မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြော Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.