NLD ပါတီနာယက ဦဝင်းထိန်အမှု အတွက် နှစ်ဖက်လျှောက်လဲချက်ကြားနာစစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက် ပြင်ဆင်မှု တင်တာ ထပ်မံပလပ်ခံရ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးဝင်းထိန်ကို ဒီနေ့ဇူလိုင် ၉ ရက် မှာ နေပြည်တော်က သီးသန့်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ တယ်လို့တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ် ။

" ဒီနေ့နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ် ။ နောက်တပတ် သောကြာနေ့၁၆ရက်နေ့မှာတော့ စွဲချက်တင်သင့်မတင်သင့်အမိန့်ချပါမယ် ။ ဘဘက ကျန်းမာရေးတော့ကောင်းပါတယ် ကိုယ်အလေးချိန်တော့ တော်တော်ကျသွားတယ် ။ အရင်ရောက်ကာစ ပေါင် ၁၉ဝ ကနေ ၁၆ဝပဲရှိတော့တယ် "လို့တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ် ။

တခါ ဒီကနေ့ ဇူလိုင် ၉ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ဒက္ခိဏခရိုင်တရားရုံးကိုပြင်ဆင်မှုတင်ခဲ့တာမှာလည်း ထပ်မံ ပလပ်ခြင်းခံရတယ်လို့ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါ တယ်။

"အတိုင်ပင်ခံရဲ့အမှုကို အပြန်လှန်မေးခွန်းမေးတဲ့နေရာမှာ ကျွန်မတို့ဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့တရားစွဲဆိုတဲ့ဟာကို ဒါဟာတရားစွဲဆိုရန် အကြောင်းအရာမပေါ်ပေါက်ဘူးဆိုတာသိရဲ့လားလို့မေးတာကို တဖက်ဥပဒေအရာရှိက ဒီမေးခွန်းမမေးသင့်ဘူးဆိုတာကို ကန့်ကွက်တယ် ။ ဒါကိုတရားရုံးကလည်းလက်ခံတယ် ။ အဲ့ဒါကိုကျွန်မတို့ကပြင်ဆင်ဖို့ထပ်လျှောက်တာကိုလည်းဒီနေ့မှာထပ်ပြီးပလပ်ခံလိုက်ရပါတယ် ။ ကျွန်မတို့ဘက်ကတော့ တိုင်းတရားလွှတ်တော်ကိုဆက်တက်မယ်။အမေ့ဘက်ကလည်းပြောထားတယ် ဥပဒေအရလုပ်လို့ရတာအကုန်ဆက်လုပ်ပါဆိုတာ " လို့ရှေ့နေဒေါ်မင်းမင်းစိုးက ဆက်ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

NLD ပါတီနာယက ဦဝင်းထိန်အမှု အတွက် နှစ်ဖက်လျှောက်လဲချက်ကြားနာစစ်ဆေး  NLD ပါတီနာယက ဦဝင်းထိန်အမှု အတွက် နှစ်ဖက်လျှောက်လဲချက်ကြားနာစစ်ဆေး Reviewed by THITHTOOLWIN on 00:07 Rating: 5

No comments:

Powered by Blogger.