KNU ၏ သယ်ယူပို့ဆောင်ရေးဌာန အတွင်းရေးမှူး ပဒိုစောတီးတူ ကွယ်လွန်


ဇူလိုင်လ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းရေးမှူး ပဒို စောတီးတူ ၇၂နှစ်သည် ယနေ့ (ဇူလိုင် ၃၁ရက်) နံနက် ၉း၅၂နာရီအချိန်တွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည် ဟု နီးစပ်သူများက ပြောသည်။

“ဒီမနက်ပဲ ဆုံးသွားတာ။ သွေးတိုးရောဂါနဲ့ဆုံးသွားတာ။ သူက သွေးတိုးရောဂါကော၊ ဆီးချိုရောဂါကော အခံရှိတာကြာ ပြီး။ ကိုဗစ်နဲ့ဆုံးတာတော့ မဟုတ်ဘူး။”ဟု ကေအဲန်ယူ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောတီးတူသည် ၁၉၆၅ခုနှစ်တွင် ကရင့်တော်လှန်ရေးထဲသို့ စတင် ဝင်ရောက်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တွင် တပ်သားအဆင့်မှ ဗိုလ်မှူး ရာထူးအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် ၂၀၁၂ခုနှစ်တွင် ကေအဲန်ယူ၏ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းရေးမှူးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ပေးခြင်းခံရသူ ဖြစ်သည်။ ပဒိုစောတီးတူ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နော်ဆဲဆဲ ကျန်ရစ်ခဲ့သည်။

လက်ရှိအချိန်တွင် ကိုဗစ်ကာလဖြစ်သည့်အတွက် ပဒိုစောတီးတူ၏ ဈာပနအခမ်းအနားကို အကျဉ်းချုံးသာ ပြုလုပ်သွားမည်ဟု သိရှိရသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

KNU ၏ သယ်ယူပို့ဆောင်ရေးဌာန အတွင်းရေးမှူး ပဒိုစောတီးတူ ကွယ်လွန် KNU ၏ သယ်ယူပို့ဆောင်ရေးဌာန အတွင်းရေးမှူး ပဒိုစောတီးတူ ကွယ်လွန် Reviewed by THITHTOOLWIN on 18:32 Rating: 5

No comments:

Powered by Blogger.