လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်လို့ KNDF ပြော

အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်

အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက် လုပ်လာရင် တိုက်ပွဲတွေပြန်ဖြစ်သွားနိုင်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ကပြောပါတယ်။

" PDF ဆိုတာ လူထုပေါ်အခြေပြုပြီးဖွဲထားတာဖြစ်တဲ့အတွက် လူထုကိုစိတ်ဒုက္ခရောက်အောင်လုပ်လာရင် အရင်လိုမတည်မငြိမ် အခြေအနေပြန်ဖြစ်နိုင်တယ်၊ စစ်ကောင်စီအနေနဲ့အပစ်ခတ် ရပ်စဲရေးကတိကဝတ်တွေကိုသေချာလိုက်နာဖို့လိုပါတယ် ။ ဒေသခံပြည်သူလူထုအနေနဲ့လည်း မယုံကြည်နိုင်ဘူးဆိုတာသိပေမယ့်ကိုယ့်ဒေသမှာ ကိုယ်အေးအေးဆေးဆေးပြန်နေနိုင်စေချင်တယ်။ လုပ်ငန်းတွေပြန်လည်ပတ်စေချင်တယ် ။ တဖက်မှာလည်း တော်လှန်ရေးက ဆက်လုပ်သွားမှာပါ ။ အပစ်ရပ်သက်တမ်းတိုးရေးမတိုးရေးကတော့ ဖြစ်လာတဲ့အခြေနေပေါ်မူတည်တယ်လို့ " ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

ကရင်နီပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီ တပ်ဖွဲ့တွေကြား မေလထဲမှာ အပြန်လှန်ပစ်ခတ်မူတွေဖြစ်ပွားခဲ့ပြီးပြီးခဲ့တဲ့ ဇွန်လ ၁၅ရက် မှာတော့ အပစ်ခတ် ရပ်စဲရေးယာယီရပ်ဆိုင်းခဲ့ကြတာပါ ။

အဲ့ဒီနောက်ပိုင်းမှာပဲ စစ်ကောင်စီဘက်က စစ်ဘေးရှောင်ပြည်သူတွေဆီပို့မယ့် ရိက္ခာလမ်းကြောင်းတွေကို တားဆီးတာ ၊ စစ်ဘေးရှောင်တွေ စစ်ရှောင်နေတဲ့နေရာတွေကို နယ်မြေချဲ့တာတွေနဲ့ လွိုင်ကော်မြို့တွင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့စစ်ဘေးရှောင်တွေနဲ့စစ်ဘေးရှောင်စခန်းကပြည်သူတွေကို အကူညီပေးနေတဲ့အဖွဲ့အစည်းတွေကလည်းပြောပါတယ် ။

"လက်ရှိအပစ်ရပ်ထားတာလည်း စစ်ကောင်စီဘက်ကနယ်မြေစိုးမိုးချင်လို့ လုပ်ထားတဲ့ပုံစံဖြစ်နေတယ် ။ သူတို့ဗျူဟာအရလို့ဆိုမလား ။ စစ်ဘေးရှောင်ရှိတဲ့နယ်မြေတွေအထိလွှမ်းမိုးနိုင်အောင်ကြိုးစားပြီးတော့အပစ်ခတ်ရပ်ဖို့လုပ်တာ ။ စစ်ဘေးရှောင်စခန်းတွေကိုလည်းရောက်ရင်လည်း ဖိအားပေးတယ် ။ ရွာကိုအတင်းပြန်ခိုင်းတယ်။ မင်းတို့ပြန်လာနေပါဘာာမှမလုပ်ဘူးလို့ပြောတယ်။ ရွာကလူတွေက မယုံပေမယ့် အဖမ်းခံရမှာလည်းကြောက်တယ် ။လက်နက်တွေလည်း မြို့ထဲကိုလာထုတာတွေရှိတယ် ။ သေနတ်သံတွေကလည်းကြားနေရ တုန်းပဲ ။ အပစ်ခတ်ရပ်စဲရေးကသက်တမ်းထပ်တိုးမယ့်ပုံလည်းမရှိဘူး ဒီလအတွင်းပဲ တကျော့ပြန်ပစ်ခတ်မူတွေပြန်ကြားရလိမ့်မယ် ထင်တယ် " လို့ ကရင်နီလူမူအဖွဲ့အစည်းက အမှုဆောင်ဦးခူးရယ်က ပြောပါတယ် ။

လက်ရှိမှာ ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနဲ့ကရင်နီဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၇၆ယောက်ရှိနေပြီးဖမ်းဆီးထိန်းသိမ်းခံရသူတွေကတော့ ၁၃ဝထိရှိခဲ့တယ်လို့ကရင်နီလူမူအဖွဲ့အစည်းများကွန်ယက်ကက ဇူလိုင် ၇ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ဒါ့အပြင်အပစ်ခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာလည်း ဒေသခံတွေရဲ့ကျေးရွာထဲကလူနေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းတွေကိုယူဆောင်တာ ၊ စစ်ရှောင်စခန်းတွေနားအထိတပ်စွဲထားတာတွေကလည်း ကရင်နီပြည်သူလူထုအပေါ်အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ် ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပါတယ်။ လက်ရှိမှာတော့ ဒေသခံတချို့ကရပ်ရွာ အတွင်းပြန်လည်နေထိုင်ကြတာရှိသလို နယ်စပ်စခန်းတွကိုရွှေ့ပြောင်းတာတွေ မြို့ပေါ်တက်တိမ်းရှောင်တာတွေလည်းရှိနေတယ်လို့သိရပါတယ် ။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်လို့ KNDF ပြော လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်လို့ KNDF ပြော Reviewed by THITHTOOLWIN on 23:56 Rating: 5

No comments:

Powered by Blogger.