KA နှင့် စ.က.စတပ်အကြား တိုက်ပွဲ ဆက်တိုက်ပြစ်ပွား



လွိုင်ကော်မြို့နယ် ကရင်နီတပ်မတော် တပ်ရင်း၃ လုပ်ရှားနယ်မြေအတွင်း စ.က.စတပ်မှ တပ်မ ၆၆၊ ခလရ ၅၃၀နဲ့ ပြည်သူ့စစ်တို့ပူးပေါင်းပြီး စစ်ရေးလုပ်ရှားမှုပြုလုပ်လာတဲ့အတွက် ယနေ့မနက် (၈)နာရီမှ  ညနေ(၇)နာရီအထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ 

ယနေ့  ကရင်နီပြည် လွိုင်ကော်မြို့ရဲ့ အရှေ့မြောက် ဒေါတဟေးနဲ့ တီးလုံးရွာကြား နံနက် ၈ နာရီခန့်မှာ နာရီဝက်ကြာ ခလရ၅၃၀နဲ့ KA ရင်း(၃)အကြား တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်အကျအဆုံးဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

နေ့လည်ပိုင်း ၁ နာရီ မိနစ် ၄၀ ခန့်မှာ ဝမ်ခိုင်းကျေးရွာ အနောက်တောင်ဘက်နဲ့ ကွန်နားကျေးရွာတောင်ဘက်မှာ အင်အား (၂၀၀)ဝင်းကျင်ရှိတဲ့ စ.က.စမှ တပ်မ ၆၆ စစ်ကြောင်းနဲ့ KA ရင်း၃တို့အကြား ၁၀ မိနစ်အကြာဖြစ်ပွားပြီး စ.က.စဖက်မှ အနည်းဆုံး ၂ယောက်သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ညနေပိုင်း ၄ နာရီ မိနစ် ၄၀ ခန့် ဒေါတဟေးကျေးရွာ အရှေ့ဖက် သင်္ချိုင်းနားမှာ တပ်မ ၆၆နဲ့ KA ရင်း(၃)အကြား ၃၅ မိနစ်ခန့် ကြာအောင်ဖြစ်ပွားခဲ့ပြီး စ.က.စဖက်မှအနည်းဆုံး ၅ယောက်သေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ 

ညနေပိုင်း ၅နာရီ မိနစ်၃၀ခန့် နန်းကွယ်ကျေးရွာက ကြက်တွေကို ခလရ ၅၃၀နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်မှ ပစ်ခတ်ဖမ်းယူခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ညနေ ၆နာရီ မိနစ် ၁၁ခန့်ကစပြီး ညနေ ၇နာရီအထိ ဒေါတဟေးတောင်ဘက်မှာ တပ်မ ၆၆နဲ့ KA ရင်း(၃)အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုအားဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

ကရင်နီတပ်မတော် (KA) ရဲ့ အမှတ် ၃ တပ်ရင်း လှုပ်ရှားနယ်မြေထဲကို စ.က.စတပ်မှ ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတာဖြစ်ကြောင်း KA ရင်း ၃ရဲ့ မြေပြင်အရင်းအမြစ်က KnIC ကိုအတည်ပြုထားပါတယ်။ 


KnIC

https://www.facebook.com/knicinfo/

KA နှင့် စ.က.စတပ်အကြား တိုက်ပွဲ ဆက်တိုက်ပြစ်ပွား KA နှင့် စ.က.စတပ်အကြား တိုက်ပွဲ ဆက်တိုက်ပြစ်ပွား Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.