ပုသိမ်ကြီးမြို့နယ်ထဲမှာ စစ်အုပ်စုအကြမ်းဖက်ပစ်ခတ်လို့ CDM လုပ်နေတဲ့ယာဥ်ထိန်းတစ်ဦးသေဆုံ

Photo -CJ

မန္တလေး ဇူလိုင် ၁၁

မန္တလေးတိုင်း ​ပုသိမ်ကြီးမြို့နယ်ထဲမှာ ဇူလိုင် ၁၀ ရက်ညပိုင်းက စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ်လို့ CDM လုပ်နေတဲ့ ယာဥ်ထိန်းရဲတစ်ဦး သေနတ်မှန်သေဆုံးခဲ့တယ်လို့စုံစမ်းသိရပါတယ်။ 

ညနေပိုင်းအလုပ်ဆင်းချိန်မှာ ကျီကုန်းကျေးရွာဘက် မီးသတ်ရုံးနဲ့ သစ်တောရုံးအနီးမှာ စစ်အုပ်စုက လိုက်လံပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပြီး ညပိုင်းမှာတော့ တစ်ဆက်တည်းရှိနေတဲ့ စည်သာယာရွာဘက်က နေအိမ်တွေကို ဝင်ရောက်ရှာဖွေပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် CDM လုပ်နေတဲ့ယာဥ်ထိန်း ရဲတစ်ဦးသေဆုံးခဲ့တာလို့ စုံစမ်းသိရပါတယ်။

ဒေသခံအချို့ပြောပြချက်အရ CDM လုပ်ထားတဲ့ ယာဥ်ထိန်းနဲ့ရဲဝန်ထမ်းတွေနေထိုင်တယ်ဆိုတဲ့အိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေရာက အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

ယာဥ်ထိန်းရဲတပ်ဖွဲ့က ရဲတပ်သားသေဆုံးခဲ့ပြီး အခြားရဲဝန်ထမ်းနှစ်ဦးဖမ်းဆီးခံရကာ တစ်ဦးကထွက်ပြေးလွတ်မြောက်တယ်လို့လည်း ဆိုကြပါတယ်။ 


Burma News Network

https://www.facebook.com/burmanewsnetwork


ပုသိမ်ကြီးမြို့နယ်ထဲမှာ စစ်အုပ်စုအကြမ်းဖက်ပစ်ခတ်လို့ CDM လုပ်နေတဲ့ယာဥ်ထိန်းတစ်ဦးသေဆုံ ပုသိမ်ကြီးမြို့နယ်ထဲမှာ စစ်အုပ်စုအကြမ်းဖက်ပစ်ခတ်လို့ CDM လုပ်နေတဲ့ယာဥ်ထိန်းတစ်ဦးသေဆုံ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.