မီတာခတွေရဖို့ အာဏာသိမ်းစစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းနေ

နေပြည်တော်တွင်တွေ့ရသည့် လျှပ်စစ်ဓာတ်အားလိုင်း။ (၃၀ ဇန်နဝါရီ ၂၀၁၆)

မြန်မာနိုင်ငံမှာ လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ လ ျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားချက်ထုတ်ပြန်ပါတယ်။ မီတာခ မဆောင်ကြလို့ ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရတဲ့ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်အားခတွေအတွက် ဝင်ငွေမရှိရင် ပြည်သူတွေကို လ ျှပ်စစ်ဓါတ်အား မပြတ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဒီနေ့ထုတ် သတင်းစာတွေထဲမှာ ပန်ကြားထားပါတယ်။ တချိန်ထဲမှာပဲ တချို့ဒေသတွေမှာ အာဏာပိုင်တွေက လက်နက်ကိုင်လုံခြုံရေးတွေနဲ့အတူ အိမ်တွေမှာ မီတာခတွေ အတင်းအကြပ် လိုက်ကောက်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

စစ်တပ် အာဏာသိမ်းအုပ်ချုပ်နေတာကို ပြည်သူအများက ဆန့်ကျင်ပြီး “ဘူး” သပိတ် လှုပ်ရှားမှုအနေနဲ့ မီတာခ၊ ရေခ၊ အခွန်အခတွေအပါအဝင် အစိုးရဝန်ဆောင်ခ တော်တော်များများကို ဧပြီလကတည်းက မပေးဆောင်ဘဲ နေနေကြတာပါ။

ဒါကြောင့် လ ျှပ်စစ်မီးတွေ စဉ်ဆက်မပြတ်ပေးနိုင်ဖို့ လ ျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ သတင်းစာတွေမှာ ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။ ပြည်သူတွေ ဓာတ်အားခတွေ မပေးကြဖို့နဲ့ လ ျှပ်စစ်ဓာတ်အားခကောက်တာတွေ ရပ်ထားဖို့ အထူးသတိပေးခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ဟာ လ ျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရတဲ့ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်အားခတွေအတွက် ဝင်ငွေမရတာကြောင့် လ ျှပ်စစ်မီးပေးဖို့ အခက်အခဲဖြစ်နိုင်တယ်လို့ မေတ္တာရပ်ခံပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေ သုံးစွဲထားတဲ့ လ ျှပ်စစ်ဓာတ်အားခတွေကို ပေးသွင်းမှ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ဝယ်ယူ ဖြန့်ဖြူးပေးနိုင်မှာဖြစ်တာမို့ လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ လ ျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် NLD အစိုးရလက်ထက်က ၂၀၂၀ ခုနှစ် ဧပြီလကစပြီး ၂၀၂၁ မတ်လအထိ တလကို မီတာ ၁၅၀ ယူနစ်စီ ကင်းလွတ်ခွင့်ပြုခဲ့သလို နောက်ဆုံးပေးသွင်းရမယ့်ရက်ကိုလည်း နောက်ဆုတ်ပေးခဲ့ပါတယ်။ အဲဒီအတွက် နောက်ကျဒဏ်ကြေးကို ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဧပြီလမှာ လ ျှပ်စစ်မီတာခတွေ ပြန်ဆောင်ကြရမှာဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် စစ်ကောင်စီ ဝင်ငွေမရအောင် တော်တော်များများက မီတာမဆောင်ဘဲ နေနေကြတာပါ။ ဒါကြောင့် တချို့ မြို့နယ်တွေမှာ မီတာခမဆောင်တဲ့ အိမ်တွေကို မီးကြိုးတွေ လိုက်ဖြုတ် ဖြတ်တောက်တဲ့အထိ အာဏာပိုင်တွေက လုပ်နေပါတယ်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက်တချို့မှာ သက်ကြီးပိုင်းရှိတဲ့ နေအိမ်တွေကို EPC ဝန်ထမ်း အပါအဝင် စစ်သား ရဲတွေ လက်နက်အပြည့်နဲ့ တအိမ်တက် တအိမ်ဆင်း မီတာခ လိုက်လံကောက်ခံနေသလို မီတာခမဆောင်ရင် မီးဖြတ်မယ်ဆိုပြီး ချက်ချင်း မီတာခ ပေးဆောင်ခိုင်းတာရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မီတာဝန်ထမ်းဆိုရင် လေးယောက်ပါတယ်၊ ကျနော်တို့ ရပ်ကွက်လူကြီးပါတယ်၊ နောက် လုံခြုံရေးနဲ့ အဲ့စစ်တပ်က သုံးယောက်ပါတယ်၊ ရဲနှစ်ယောက်ပါတယ်၊ သူတို့ဝင်လို့ရတဲ့ ရပ်ကွက်တွေဝင်ပြီးတော့ အိမ်တိုင်ရာရောက် (မီတာစာရွက်) လိုက်ပေးတယ်၊ တချို့ကဆိုရင် တိုက်ရိုက်ပေါ့ အခုချက်ချင်းဆောင်ခိုင်းတယ်၊ တချို့ ကကျတော့ အဲ့လိုမဆောင်ချင်တော့ ရုံးကိုလာဆောင်မယ် ဘာညာပြောပြီးတော့ စာရွက်တွေထားခဲ့တာတွေရှိတယ်ဗျ၊ သက်ကြီးရှိတဲ့ အိမ်တွေပါ၊ အဓိက အဲ့လိုနေရာမျိုး သူတို့က ရွေးပြီးတော့ ဝင်တာများတယ်၊ အဲ့လိုလူရှိတဲ့အိမ်ဆိုရင်တော့ သူတို့ကဝင်တယ် ဝင်ပြီးတော့ ချက်ချင်းဆောင်ခိုင်းတယ်၊ မဆောင်တဲ့အိမ် မီးဖြတ်မယ် ဘာညာ ပြောလို့ရှိရင် အဲ့ဒီလူကြီးတွေကတော့ ချက်ချင်းဆောင်ပေးလိုက်တာရှိတယ်။”

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း မီတာခဆောင်ကြဖို့ တချို့ ရပ်ကွက်တွေမှာ လော်စပီကာနဲ့ လိုက်အော်ခဲ့သလို လျှပ်စစ်ရုံးဝန်ထမ်းတွေ တချို့အိမ်တွေက မီးကြိုးတွေကို ဖြတ်တောက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

“လာတယ် ပထမရက်ကလေ ကားနဲ့ လိုက်အော်တယ်လေ၊ လိုက်အော်ပြီး နောက်ရက်ကျတော့ မီတာသမားတွေ ရောက်လာတယ် မီးဖြတ် မီးဖြတ်ပြီးတော့ မီတာလာဆောင်ခိုင်းတယ်၊ အဲ့နေ့ညနေပဲပေါ့နော် ညနေလာဆောင်ခိုင်းပြီးတော့မှ သူက မီးပြန်တက်တာ။ ရုံးကလူကြီးတွေ ခိုင်းလိုက်တာတဲ့ မီတာမဆောင်တဲ့အိမ်ကို မီးဖြတ်ခဲ့ဆိုပြီးတော့တဲ့၊ မီတာပေါက်လေ မီတာပေါက်ကနေ သူတို့ အဝင်ကြိုးရှိတယ် အဲ့အဝင်ကြိုးလေးကို ကပ်ကြေးလေးနဲ့ညှပ်ပြီး တိပ်အနီလေးနဲ့ ပတ်တာ၊ (မီတာ) ဆောင်လိုက်မှ မီးပြန်လာတယ်။”

သူ့အနေနဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွက် မီတာခ ပေးဆောင်လိုက်ရပြီး ကျန်တဲ့လတွေအတွက် မီတာခကို ဇူလိုင် ၂၅ ရက် နောက်ဆုံးထား ပေးရမယ်လို့ ပြောပါတယ်။ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ကြားထဲ ကပ်ရောဂါဖြစ်နေချိန် အလုပ်အကိုင် အဆင်မပြေသူတွေ ရှိနေတာကြောင့် မီတာခတွေ အတင်းအကြပ် လိုက်ကောက်နေလို့ အတော်လေး အခက်အခဲဖြစ်နေကြတယ်လို့ ဒဂုံဆိပ်ကမ်းဒေသခံကပြောပါတယ်။

“မရှိတာကို စားဖို့တောင် အနိုင်နိုင် အခုအခြေအနေက အလုပ်လည်း အဆင်မပြေဘူးလေ၊ သူတို့အဲ့လိုလိုက်လုပ်တော့ အဆင်မပြေဘူး၊ အိမ်ဘေးက အိမ်တွေဆိုရင် သူတို့ စားဖို့သောက်ဖို့တောင် အဆင်မပြေ အဲ့လိုတွေ လိုက်လုပ်တော့လေ၊ ရှိတာတွေ စျေး၊ ရှိတာတွေ သွားပေါင် အဲ့လိုတွေပေါ့နော် ယောက်ယက်တွေခတ်ပြီးတော့လေ စိတ်မကောင်းလည်းဖြစ်ရတယ်၊ သူတို့တွေ အဲ့လိုတွေ အုပ်လိုက်ကြီးတွေ လာကြတာ လာပြီးတော့ ဖြတ်ကြတာ။”

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာလည်း အိမ်တွေကို မီတာစာရွက်တွေ လာပေးသွားပြီး မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ တချို့ရပ်ကွက်တွေမှာ အာဏာပိုင်တွေ လိုက်ပြောနေပါတယ်။ ဒါပေမဲ့ တချို့ကတော့ မီးဖြတ်လည်းဆောင်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

“စာရွက်လာပေးတာ ၄ ရက် လောက်ရှိပြီ။ ကျမတို့မဆောင်တာ ကြာလှနေပြီ၊ မဆောင်ဘူး၊ မဆောင်ဘူး၊ မီးသွေးဆောင်ထားတယ်၊ သူတို့မီးဖြတ်လည်း မီးသွေးနဲ့ချက်မယ်။"

ခုလို ရန်ကုန်မှာဖြစ်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မှာလည်း တချို့ ရပ်ကွက်၊ ကျေးရွာတွေမှာ ငါးလစာအတွက် မီတာစာရွက်ကို လိုက်ပေးတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“တချို့အိမ်တွေ (မီတာစာရွက်) လိုက်ပေးနေတယ်၊ အကုန်လုံးတော့ မဟုတ်သေးဘူးပေါ့နော်၊ ကျနော်တို့စပြီးတော့ မီတာခမဆောင်တော့တဲ့ လပေါ့နော်၊ အဲ့ဒီလကနေစပြီးတော့ ဒီမီတာစာရွက် ငါးလစာဆိုရင် မီတာစာရွက် ငါးရွက် အဲ့ပုံစံမျိုး လိုက်ပေးတာမျိုးတော့ ရှိတယ်ဗျ။ ကျနော်တို့ တွေ့နေရပါတယ်၊ ရန်ကုန်တို့ တချို့ မြို့ကြီးတွေမှာ သူတို့ အင်အားအပြည့်နဲ့ မီတာတွေ လိုက်ဖြတ် လိုက်ကောက်တာမျိုးတွေ တွေ့နေရတယ် ကျနော်တို့ မူဆယ်မှာတော့ အဲ့ဒီပုံစံမျိုးတော့ မတွေ့ရသေးပါဘူးဗျ၊ လုပ်ရင်လုပ်လာမယ် တကယ်လို့ သူတို့တင်းတင်းကြပ်ကြပ်လုပ်လာမယ် လုပ်မယ်ဆိုရင်တော့ သူတို့အဲ့လိုမျိုး လုပ်လာမယ်ထင်တယ်။”

NLD အစိုးရလက်ထက်က မီတာခတွေ နောက်ကျဒဏ်ကြေးတွေ လေ ျှာ့ပေါ့ ကင်းလွတ်ခွင့်တွေ ပေးထားခဲ့ပေမဲ့ အခုလိုက်ကောက်ခံနေတဲ့ မီတာခတောင်းခံလွှာတွေမှာ အပြည့်တောင်းနေသလို ဒဏ်ကြေးလည်း ပါနေတယ်လို့ ပြောပြကြပါတယ်။ စစ်ကောင်စီက လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ တိုက်တွန်းနေတာနဲ့အတူ မီတာဆောင်ရတဲ့ EPC ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။


စုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/ministry-of-energy-and-electric-appeal-people-to-pay-electric-bill-myanmar/5959498.html

မီတာခတွေရဖို့ အာဏာသိမ်းစစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းနေ မီတာခတွေရဖို့ အာဏာသိမ်းစစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းနေ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.