ကျောင်းတွေ နောက်ထပ် နှစ်ပတ် ထပ်ပိတ်မယ်လို့ ကြေညာ

ကိုဗစ်ကူးစက်မှုတွေ တိုးလာလို့ နှစ်ပတ် ပိတ်ထားတဲ့ အခြေခံပညာကျောင်းတွေကို နောက်ထပ် နှစ်ပတ်ထပ်ပိတ်မယ်လို့ စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။

ကိုဗစ်ပြန့်ပွားမှုကို ဆက်ပြီး ထိန်းချုပ်ဖို့လိုအပ်လို့ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေ အပါအဝင် အခြေခံပညာ ကျောင်းတွေအားလုံးကို ဇူလိုင် ၂၆ ရက်ကနေ သြဂုတ်လ ၈ ရက်အထိ ယာယီပိတ်ထားမယ်လို့ ကိုဗစ်ကာကွယ်ကုသရေးဗဟိုကော်မတီက ဒီကနေ့ နေ့စွဲနဲ့ ကြေညာတာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေ မေလမှာ ပြန်တိုးလာနေပေမဲ့ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ပုံမှန်ဖွင့်ခဲ့ပြီးနောက် ကိုဗစ်တတိယလှိုင်း ကူးစက်မှုတွေ ပိုများလာပြီး ကျောင်းတွေမှာ အစုလိုက်ကူးစက်မှုတွေ တွေ့ခဲ့ရတဲ့နောက် ကျောင်းတွေကို ဇူလိုင်လမှာ ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ကျောင်းတွေ နောက်ထပ် နှစ်ပတ် ထပ်ပိတ်မယ်လို့ ကြေညာ  ကျောင်းတွေ နောက်ထပ် နှစ်ပတ် ထပ်ပိတ်မယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.