ရခိုင်ဝန်ကြီးချုပ် ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ခံရ

ရခိုင်ဝန်ကြီးချုပ် ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ခံရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၉ ခုနစ်က တွေ့ရစဥ်/ Photo: RFA

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၅၀၅(ခ)နဲ့ ဒီကနေ့ ဇူလိုင် ၉ ရက်မှာ စစ်တွေမြို့နယ် တရားရုံးကနေ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ ဦးညီပုရဲ့ ရှေ့နေ ဦးအောင်စစ်မင်း က RFA ကို ပြောပါတယ်။

"ဒီနေ့က စွဲချက်တင်တဲ့ အမိန့်ချတယ်။ အမိန့်ချတာက ၅၀၅(ခ)နဲ့ပေါ့။ တရားရုံးက ဦးညီပုကို အပြစ်ရှိလား လို့ မေးတော့ အပြစ်မရှိဘူးလို့ ဦးညီပုက ပြန်ပြောတယ်။ အဲဒီအချိန်မှာ စစ်ပြီးသားတရားလိုပြသက်သေ တွေကို ပြန်ခေါ်ဖို့ရှိလားလို့မေးတော့ ကျွန်တော်တို့ဘက်ကတော့ စစ်ပြီးသား တရားလိုပြသက်သေ သုံး ယောက်ကို ပြန်ပြီးတော့ခေါ်စစ်မယ်ဆိုပြီးတော့ လျှောက်ထားခဲ့တာရှိတယ်။ ရုံးချိန်းကတော့ ၂၂ ရက်နေ့ ပေါ့"

ဝန်ကြီးချုပ်ဦးညီပုဟာ နောက်ထပ် အခြားပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတာ မရှိတာကြောင့် လာမယ့် သြဂုတ်လ ကုန်မှာ အပြီးသတ်အမိန့်ချနိုင်မယ့် အခြေအနေမှာရှိတယ်လို့ ရှေ့နေဦးအောင်စစ်မင်း က ပြောပါတယ်။ 

ဦးညီပုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်ချိန်ကပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းပြီး ၁၃ ရက်အကြာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပက်သတ်ပြီး စစ်တပ်က ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ 

အဲဒီထုတ်ပြန်ချက်မှာ စစ်တပ်ဟာ တရားဝင်အရပ်သားအစိုးရဆီက မတရားနည်းလမ်းနဲ့ အာဏာလု ယူထားတာကြောင့် စစ်တပ်ထုတ်ပြန်တဲ့ အမိန့် ၊ညွှန်ကြားချက်နဲ့ ဥပဒေတွေအားလုံးဟာ တရားမဝင်ဘူးလို့ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/army-file-lawsuit-nld-nyipu-07092021082333.html

ရခိုင်ဝန်ကြီးချုပ် ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ခံရ  ရခိုင်ဝန်ကြီးချုပ် ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ခံရ Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.