မဲဆောက်က ကိုဗစ်ကူးစက်သူတွေထဲ မြန်မာအများစုပါ


ကိုဗစ်အတည်ပြုလူနာတိုးနေတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မဲဆောက်စျေးကြီးအပါအဝင် လူစည်ကားတဲ့နေရာတွေမှာ အခုအတော်လေး ခြောက်ကပ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တပါတ်အတွင်း အတည်ပြုလူနာ ၇၀၀ ကျော်ရှိတဲ့ထဲမှာ ကိုဗစ်ရောဂါပိုးကူးနေကြသူအများစုက မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပါတယ်။ ခုလို မဲဆောက်မြို့က အခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ် မဲဆောက် မယ်တောင်ရပ်ကွက်က စက်ရုံနဲ့ လူနေတန်းလျားတွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ အမြောက်အများ ဆေးစစ် တွေ့ခဲ့ပြီးတဲ့နောက် ပုံမှန်စည်းကားနေလေ့ရှိတဲ့ မဲဆောက်စျေးမှာ အခု လူမရှိသလောက်ခြောက်ကပ်သွားပါတယ်။ စက်ရုံအလုပ်သမားတွေ ပုံမှန် စျေးလာဝယ်နေတဲ့ စျေးကြီးမှာ လာဝယ်သူ မရှိသလောက် ဖြစ်နေတယ်လို့ မဲဆောက်စျေးဆိုင်မှာ စျေးရောင်းသူတဦးကေ ပြာပြပါတယ်။

"တီကေစက်ရုံတို့ ဆင်နှစ်ကောင်စက်ရုံတို့က လော့ဒေါင်းချလိုက်တော့သတင်းကနည်းနည်းပြန့်နှံသွားတော့ စျေးထဲမှာလူလာတာက တော်တော်ကိုကျဲသွားတာလေ။ စျေးထဲမှာ စည်တယ်ဆိုတာစက်ရုံတွေကပဲလာကြတာများတယ်။ စက်ရုံတွေကပေးမလာတော့ဘာမှကိုအဆင်မပြေတာ ။"

ဇွန်လ ၂၅ ရက်နေ့က မယ်ဆောက်ဆေးရုံကြီးမှာ မြန်မာအမျိုးသမီးတဦးမှာ ကိုဗစ်ကပ်ဖြစ်နေတာ စစ်ဆေးတွေ့ခဲ့ပြီး တပတ်အတွင်းမှာပဲ အတည်ပြုလူနာ ၇၀၀ ကျော် ရှိသွားပါပြီ။ အများစုက မြန်မာအလုပ်သမားတွေဖြစ်ကြတယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပြပါတယ်။

"စပြီးပိုးတွေလူနာတဦးကိုဗစ်စတွေ့တာကနေစပြီးစစ်လိုက်တာ မယ်တောင်စီရင်စု ၂ရက်ကွက်ကနေ အထည်ချုပ်စက်ရုံတွေပါတယ်။ အိမ်ရုံတွေပါတယ် တန်းလျားတွေကိုပါထပ်စစ်လိုက်တာ။ ထပ်ပြီးကိုဗစ်တွေ့တဲ့သူတွေတိုးလာတယ်အခုဆိုရင် လူရ၀၀ကျော်ရှိလာပြီပေါ့နော်။"

မြန်မာအလုပ်သမားအများစုလာကြတဲ့ မဲဆောက်စျေးကိုလည်းကျန်းမာရေးတာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတာတွေရှိသလို၊ မြန်မာအတော်များများကလည်း ကိုဗစ်ကပ်ရောဂါကူးမှာစိုးလို့ စျေး မသွားကြတော့ဘူးလို့ ဦးမိုးကျော်ကပြောပါတယ်။

"ဒီမှာကစက်ရုံတွေနဲ့ စက်ရုံမိသားစုတွေနဲ့ဆက်စပ်နေတဲ့မဲဆောက်စျေးဆို အတော်လေးခြောက်ကပ်သွားပြီ ပြီးခဲ့တဲ့ရက်မနေ့ကတုန်းက မဲဆောက်စျေးက စည်ကားတဲ့နေရာတွေဝင်ရောက်စစ်ဆေးတာရှိတယ် တချို့စားသောက်ဆိုင်တွေဆို ထမင်းစားလို့ရတဲ့ဆိုင်တွေဆို ထိုင်စားလို့မရတော့ဘူး တချို့ဆိုပိတ်ထားတယ် စိုးရိမ်မူတွေရှိတယ်တတိယလှိုင်းကအတော်လေးကူးစက်မူတွေဖြစ်လာတဲ့အတွက်စိုးရိမ်မူတွေရှိကြတယ်။"

မဲဆောက်မြိုမှာ တရားဝင်အထည်ချုပ်စက်ရုံပေါင်း ၂၈၀ လောက်ရှိပြီး၊ သောင်းနဲ့ချီတဲ့ရွေပြောင်းအလုပ်သမားတွေနဲ့ စက်ရုံတွေကို လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် မဲဆောက်မြိုဟာ နယ်စပ်မြို့ဖြစ်တာကြောင့် တခြားလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရားမဝင်အလုပ်သမားတွေလည်း သောင်းနဲ့ချီရှိနေတာပါ။အခုလိုကိုဗစ်ကူးစက်မူတွေဖြစ်နေတဲ့အတွက် ထိုင်အာဏာပိုင်တွေကတော့ ရွေပြောင်းအလုပ်သမားတွေကို တနယ်ကနေ တနယ် ခရီးသွားလာခွင့်တွေကိုကန့်သတ်ထားဆဲဖြစ်ပါတယ်။

ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၂သိန်း ၆သောင်း ၄ ထောင့် ၈ ရာကျော်ရှိနေပြီး၊ သေဆုံးသူက ၂ ထောင့် ၁ ရာနီးပါးဖြစ်နေပါပြီ။ ဒီနေ့ဇူလိုင် ၁ ရက်နေ့မှ ကိုဗစ်အတည်ပြုလူနာသစ် ၅၅၀၀ ကျော်ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားပါတယ်။


အေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/more-covid-cases-maesod-Thailand-Myanmar-migrant-workers-hub-/5949444.html

မဲဆောက်က ကိုဗစ်ကူးစက်သူတွေထဲ မြန်မာအများစုပါ  မဲဆောက်က ကိုဗစ်ကူးစက်သူတွေထဲ မြန်မာအများစုပါ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.