မင်းတပ် နဲ့ ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးဟုဆို


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် နဲ့ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့တပ်တွေကြား ဒီနေ့ဇူလိုင် ၂၄ ရက်တွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ် ၂၀ ကျော်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်မြို့ အနောက်တောင်ဘက် ကျေးရွာတစ်ခုရှိအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို ဒီနံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ပြီး အကြမ်းဖက်သမား ၂၀ ကျော်သေဆုံးတယ်လို့သိရတယ်။

ဇူလိုင်လ ၂၀ ရက်ကစပြီး CDF များနဲ့ အကြမ်းဖက်စစ်ကောင်စီကြား အပစ်ရပ်ဆဲမှု ပျက်ပြယ်လို့ စတင်ပစ်ခတ်ကြပြီး CDF မင်းတပ်ဖက်က ရဲဘော်တစ်ယောက်ကျဆုံးသွားပါတယ်။

ဆက်လက်ပြီး ယနေ့ နေ့လည်ပိုင်းတွင် ဖလမ်းမြို့အနီး ဖလမ်း-ဟားခါးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CNO/CNDF တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

နှစ်ဖက်တပ် သေဆုံးနဲ့ ဒဏ်ရာရစာရင်းတော့မသိရသေးပါ။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့အနီး ဖလမ်း-ဟားခါးလမ်းပေါ် တီားလ်ကျေးရွာအနီးတွင် ဇူလိုင် ၂၀ ဒေသခံတပ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုခံရပါတယ်။ ယင်းကျေးရွာက ပြည်သူတွေအိမ်ထဲက ပစ္စည်းကိုမွှေနှောက်ကာ သိန်း ၁၅၀ တန်ဖိုးရှိတဲ့ ပစ္စည်းကိုဖျက်ဆီးကြပါတယ်။


Zalen 

https://www.facebook.com/zalen.info/

မင်းတပ် နဲ့ ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးဟုဆို မင်းတပ် နဲ့ ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးဟုဆို Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.