မန္တလေးမစိုးရိမ်တိုက်သစ်မှာ ကိုဗစ်ပိုးတွေ့ သံဃာထဲ ကာကွယ််ဆေးထိုးပြီးသူတွေပါ

မန္တလေးမစိုးရိမ်တိုက်သစ်မှာ ကိုဗစ်ပိုးတွေ့ သံဃာထဲ ကာကွယ််ဆေးထိုးပြီးသူတွေပါ

ကိုဗစ် ဒုတိယလှိုင်းမှာ ရာချီပိုးတွေ့ခဲ့တဲ့ မန္တလေး မစိုးရိမ် တိုက်သစ်မှာ ပိုးတွေ့သံဃာ ၆ပါးရှိပြီ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မှာ တိုက်ခွဲပေါင်း ၂၅ခုကျော် ရှိတဲ့ အနက် ဓမ္မဌာနကျောင်းက သံဃာ ၆ ပါးမှာ ဇွန်လ၃ရက် နေ့က စစ်ဆေးပိုးတွေ့ခဲ့ပါတယ်။

ရန်ကုန်ကို အလည်အပတ် ကြွသွားတဲ့ ကိုယ်တော်တစ်ပါးဟာ ကျောင်းကို ပြန်ရောက်လာတဲ့အခါမှာ ဖျားနာပြီး ကိုဗစ်ပိုး စတွေ့ခဲ့တာလို့ မစိုးရိမ်တိုက်သစ်က သံဃာ တစ်ပါးက ဘီဘီစီကို ပြောပါတယ်၊

အဲဒီနောက် ကျန်တဲ့ သံဃာတွေလည်း ဖျားနာမှု ရှိလာတာကြောင့် စစ်ဆေးကြည့်ရာမှာ အခုအခါ အဲဒီ ဓမ္မဌာနေကျောင်းက စုစုပေါင်း သံဃာ ၆ ပါးမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု‌တွေ့ရှိတဲ့ ကိုယ်တော်တွေကို မန္တလေးက ကန်တော်နဒီ ဆေးရုံကို ပို့ဆောင်ပြီး ကုသပေးလျက် ရှိပါတယ်။

အခုအခါ အဲဒီအဆောင်ကို ကွာရင်းတင်း သတ်မှတ်ထားလိုက်ပြီး ကျောင်းတိုက်ထဲက သံဃာတွေ ၊ ကျန်တဲ့ ကျောင်းဆောင်တွေကို အသွားအလာ ကန့်သတ် ထားလိုက်ပြီ ဖြစ်ပါတယ်။

အခု စစ်ဆေးပိုးတွေ့ထားတဲ့ သံဃာထဲက တချို့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိတော့ မစိုးရိမ် တိုက်သစ် တခုလုံးမှာ နေရပ်ပြန်ကုန်သူတွေ များတဲ့ အတွက် သံဃာ အပါး ၃၀၀ ၀န်းကျင် လောက်ပဲ ရှိပါတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သံဃာထောင်နဲ့ချီ သီတင်းသုံးလျက် ရှိတဲ့ မန္တလေးမြို့က မစိုးရိမ် တိုက်သစ်မှာ ကိုဗစ် ၁၉ စစ်ဆေး ပိုးတွေ့သူ ရာချီ ရှိခဲ့ပြီး ကုသမှု ခံယူကာ နေပြန်ကောင်းသွားခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော် သပြေကုန်း အရပ်က မစိုးရိမ် တိုက်သစ်မှာလည်း ဇွန်လ ၂၈ နေ့အထိ စစ်ဆေးမှုတွေ အရ ကျောင်းရှိ သံဃာ ၂၁၆ ပါးအနက် ၁၉၇ ပါးမှာ ပိုးတွေ့ထားတာကြောင့် ကုသမှု ခံယူနေရပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မန္တလေးမစိုးရိမ်တိုက်သစ်မှာ ကိုဗစ်ပိုးတွေ့ သံဃာထဲ ကာကွယ််ဆေးထိုးပြီးသူတွေပါ မန္တလေးမစိုးရိမ်တိုက်သစ်မှာ ကိုဗစ်ပိုးတွေ့ သံဃာထဲ ကာကွယ််ဆေးထိုးပြီးသူတွေပါ Reviewed by THITHTOOLWIN on 03:13 Rating: 5

No comments:

Powered by Blogger.