မြန်မာအရာရှိတွေနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် အရေးယူဒဏ်ခတ်

Secretary of State Antony Blinken

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလက အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဖိအားတိုးပေးတဲ့ အနေနဲ့ အရေးပါတဲ့ မြန်မာစစ်အရာရှိကြီးတွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၂၂ ဦး နဲ့ စစ်တပ်နဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၄ ခုကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့မှာ အရေးယူဒဏ်ခတ်မှု လိုက်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့မှာ ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှုဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ မလုပ်မချင်း မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် အမေရိကန်က အရေးယူမှုတွေ ဆက်လုပ်နေမယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် သတိပေးလိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သောကြာနေ့မှာ အရေးယူလိုက်တဲ့ သူတွေထဲမှာတော့ မြန်မာစစ်ကောင်စီအဖွဲ့ဝင် နောက်ထပ် ၃ ယောက်၊ စစ်တပ်က ဝန်ကြီးအဖြစ် ခန့်အပ်ထားသူ ၄ ယောက်နဲ့ အစောပိုင်း အရေးယူဒဏ်ခတ်ထားတဲ့ စစ်အရာရှိတွေရဲ့ မိသားစုဝင် အရွယ်ယောက်သူ ၁၅ ယောက် ပါဝင်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးယူလိုက်တဲ့ အထဲမှာတော့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်သတ္ထုတူးဖော်ရေးလုပ်ငန်း ဝမ်ပေါင်နဲ့ လက်အောက်ခံ ကုမ္ပဏီ ၂ ခု၊ ဂြိုဟ်တု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း King Royal Technologies နည်းပညာ ကုမ္ပဏီ လိမိတက်တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဒဏ်ခတ်အရေးယူထားပြီး၊ နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေကို ချမှတ်နေတာ ဖြစ်ပါတယ်။



VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/us-new-sanction-on-myanmar/5951538.html

မြန်မာအရာရှိတွေနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် အရေးယူဒဏ်ခတ် မြန်မာအရာရှိတွေနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် အရေးယူဒဏ်ခတ် Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.