မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ ပြတ်လပ်

 မဏိစလ လူမှုကူညီ ကယ်ဆယ်ရေး အသင်◌း

ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ တကျော့ပြန် မြင့်တက်နေတဲ့ မန္တလေးမြို့မှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှုတွေ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

"အောက်ဆီဂျင်အိုးတွေ ဖြည့်မနိုင်ဘူး။ ကိုဗစ်လူနာ များတာလေ။ အိမ်တွေ ဆေးရုံတွေ ပို့ပေးရတယ်။ ရှူတာများတော့ ပျက်ကုန်တာပေါ့။ မနက်မိုးလင်းရင် အောက်ဆီဂျင်အိုးလိုက်ဝယ်နေရတယ်။ မရတာများတယ်" လို့ အမည်မဖော်လိုတဲ့ မန္တလေးက လူမှုကူညီ ကယ်ဆယ်ရေး အသင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ အောက်ဆီဂျင်ဖြည့်သွင်းပေးတဲ့ စက်ရုံ သုံးခုရှိပေမယ့် လိုအပ်သလောက် မဖြည့်သွင်းနိုင်လို့ တစ်ပတ်မှာ နှစ်ရက် ဒါမှမဟုတ် ငါးရက်တခါ စောင့်ပြီး အောက်ဆီဂျင်အိုးတွေ ဖြည့်ပေးနေရတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ် လူနာတွေအတွက် အောက်ဆီဂျင်အိုးကို ဆေးရုံတွေကနေ တောင်းယူတာရှိသလို နေအိမ်တွေကလဲ ငှားယူတာ၊ အဆောင်ထားတာတွေလည်း ရှိပါတယ်။

ကိုဗစ် တတိယလှိုင်းဖြစ်ချိန်မှာ ကူးစက်သူဦးရေ အများအပြားရှိခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ အောက်ဆီဂျင်အိုးတွေ လာရောက်ဝယ်ယူတာတွေရှိလို့ ဈေးကွက်ထဲမှာ အောက်ဆီဂျင်အိုးတွေ ပစ္စည်းပြတ်သလောက်နီးပါးအထိ ကြုံနေရတယ်လို့လည်း မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇွန်လ လယ်ပိုင်းကစပြီး မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုနဲ့ ဓာတ်ခွဲအတည်ပြု လူနာတွေ များလာလို့ ဇူလိုင်လ ၂ရက်နေ့ကစတင်ပြီး မန္တလေးခရိုင်ကို နေအိမ်မှာနေထိုင်ရေး(stay at home) အစီအစဉ်ကို ကျန်းမာရေးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီအထိ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၄၇ ဦး ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ ပြတ်လပ်  မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ ပြတ်လပ် Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.