ဖိလစ်ပိုင်နိုင်ငံသားတွေ မြန်မာပြည်ကထွက်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေး နှိုးဆော်

Covid Victim at Hlae Gu Township

မြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့နေတာဟာ သတိပေးချက် အဆင့် ၄ ကို ရောက်လာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရောက်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ အမြန်ဆုံး တိုင်းပြည်အတွင်းက ထွက်ခွာကြဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန် နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်ရည်ရွယ်ပြီး သတိပေးချက်ကို စိုးရိမ်ရတဲ့အဆင့်အထိ မြှင့်တင် သတ်မှတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ဖိလစ်ပိုင်သံရုံး Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ လူနာတွေကို ကုသပေးနိုင်စွမ်းမရှိတော့တဲ့ အခြေအနေကို ရောက်လုနီးနေပြီဖြစ်တာကြောင့် လာမယ့် သီတင်းပတ်တွေအတွင်း မနာမကျန်းဖြစ်မယ့် ဖိလစ်ပိုင်နိုင်ငံသားတွေကို ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မယ့်အခြေအနေ မရှိဘူးလို့လည်း ဖိလစ်ပိုင်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၄၅ ဦးက ပြည်တော်ပြန်ဖို့အတွက် သူ့တို့သဘောနဲ့သူတို့ သံရုံးမှာ လာစာရင်းပေးထားကြပြီးဖြစ်တာကြောင့် အဲဒီလူတွေဟာ သြဂုတ်လ ၅ ရက်နေ့မှာ ပြန်ကြတော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Eduardo Kapunan, Jr. က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Philippine-citizens-in-Myanmar-ordered-leave-due-to-covid-third-wave-/5975091.html

ဖိလစ်ပိုင်နိုင်ငံသားတွေ မြန်မာပြည်ကထွက်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေး နှိုးဆော် ဖိလစ်ပိုင်နိုင်ငံသားတွေ မြန်မာပြည်ကထွက်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေး နှိုးဆော် Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.