တမူးမြို့နယ်တွင် အိမ်ပြန်လာသည့် ဆယ်ကျော်သက်အရွယ် ရွာသားလူငယ်များကိုစစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊၃ ဦး ဒဏ်ရာရ


ဇူလိုင် ၁၀ ရက်  ည၁၀ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်New Zalenphai@Naungket ရွာသစ်မှအိမ်ပြန်လာသည့် ဆယ်ကျော်သက်အရွယ် ကူကီး(ချင်း)

လူငယ်အမျိုးသား ၆ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ကျွန်းပင်သာတံတား အနီး ပစ်ခတ်မှု့ကြောင့် ၂ ဦး သေဆုံးပြီးသုံးဦး ဒဏ်ရာရကာ တစ်ဦးမှာလွှတ်မြောက်သွားကြောင်းတမူးမြို့နယ်ရှိဒေသခံများထံမှကနဦးသတင်းရရှိပါသည်။

အဆိုပါလူငယ်​ ၆ ဦးမှာ အသက် ၁၅ နှစ် ၁၆ နှစ် ၀န်းကျင် လယ်ယာစိုက်ပျိုးရေး အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ဇူလိုင် ၁၀ ရက် စနေ့နေနားရက်အနေဖြင့် Naung Ket ရွာသစ်မှ ကျွန်းပင်သာကျေးရွာသို့ အလည်သွားပြီး၄င်းတို့ရွာ အပြန် လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ၂ သေဆုံး၊၃ ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူ ၃ ဦးကိုယခုချိန် တမူးမြို့တွင် ဖမ်းဆီးထားကြောင်းသိရပါသည်။

ဇူလိုင် ၁၀ ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များက ကျွန်းပင်သာကျေးရွာတွင်သေနတ်အချက်၅၀ခန့်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။


Chin World 

https://www.facebook.com/chinworldmedia/

တမူးမြို့နယ်တွင် အိမ်ပြန်လာသည့် ဆယ်ကျော်သက်အရွယ် ရွာသားလူငယ်များကိုစစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊၃ ဦး ဒဏ်ရာရ တမူးမြို့နယ်တွင် အိမ်ပြန်လာသည့် ဆယ်ကျော်သက်အရွယ် ရွာသားလူငယ်များကိုစစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့်  ၂ ဦးသေဆုံး၊၃ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.