ဓနုဖြူမှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရ

ဓနုဖြူမှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရ ဓနုဖြူမြို့က ဖိုးမြဲသုသာန်မှာ မြေမြှုပ်သင်္ဂြိုဟ်နေရတဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ် / Photo: CJ

ဧရာဝတီတိုင်း ဓနုဖြူမြို့က ဖိုးမြဲသုသာန်မှာ မီးသင်္ဂြိုဟ်စက်ပျက်နေလို့ အခုရက်ပိုင်းအတွင်း သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရတယ်လို့ ဓနုဖြူမြို့နယ်က ပရဟိတအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

ရုပ်အလောင်းတွေကို ဖိုးမြဲသုသာန် မီးသင်္ဂြိုဟ်စက်ရဲ့ ရှေ့အနီးနားမှာ ကျင်းတူးပြီး မြှုပ်နှံနေရတာဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း မီးသဂြိုဟ်စက်လည်း ပြင်လို့ပြီးတော့မှာလို့ ဆိုပါတယ်။

ဓနုဖြူမြို့မှာဆိုရင် ဖိုးမြဲသုသာန်နဲ့ ရွှေရောင်ပြသုသာန်ဆိုပြီး နှစ်ခုရှိနေပြီး အဓိကအသုံးပြုနေတဲ့ ဖိုးမြဲ သုသာန်က မီးသင်္ဂြိုဟ်စက်ဟာ ဇူလိုင် ၂၆ ရက်နေ့က အပူလွန်ကဲပြီး ပျက်စီးခဲ့တာပါ။

ဇူလိုင် ၂၆ ရက်နေ့ကစလို့ အဲဒီမီးသင်္ဂြိုဟ်စက်ကို ၄ ရက်ခန့် ရပ်နားထားပြီး ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ဖိုးမြဲသုသာန်မှာ ဇူလိုင် ၂၇ ရက်နေ့က Covid 19 ကြောင့် သေဆုံးသူတွေ အပါအဝင် ရုပ်အလောင်း ၂၀ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ဇူလိုင် ၂၅ ရက်ကနေ ၂၆ ရက်နေ့အထိ တစ်ရက်တာအတွင်း ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၁၉ ယောက်၊ ကိုဗစ်ကြောင့် သေဆုံးသူ ၁ ယောက် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/covid-19-in-danubyu-07282021061647.html

ဓနုဖြူမှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရ  ဓနုဖြူမှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.