ကျောက်မဲတွင် မြို့မရဲစခန်းမှ အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉ တွေ့ရှိ


သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၁၂ 

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် မြို့မရဲစခန်း တွင် ယနေ့ (ဇူလိုင် ၁၂)ရက် မနက်ပိုင်းတွင် အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉  တွေ့ရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင် ၁၂)  ရက် မနက်ပိုင်းတွင်  ကျောက်မဲမြို့ မြို့မရဲစခန်းမှ အကျဉ်းသား (၁၅) ဦးကို ကိုဗစ်-၁၉  စစ်ဆေးရာ   (၁၄) ဦး တွေ့ရှိပြီး၊ ကျောက်မဲ ရပ်ကွက် (၁)မှ ကလေး (၂) ဦး အပါအဝင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉  အတည်ပြု လူနာ (၃၅)ဦးတွေ့ရှိခဲ့ကြောင် သတင်းရရှိသည်။

“မြို့မ ရဲစခန်းက အကျဉ်းသား (၁၅) ယောက်မှာ (၁၄) ယောက်က ကိုဗစ်ပိုးတွေ့တယ်၊ ပြီးတော့ ရပ်ကွက်ထဲက ကလေး နှစ်ဦး အပါအဝင် အသွားအလာကန့်သတ်ထားတဲ့ သူတွေကနေလည်း ထပ်တွေ့တယ်၊ ဒီနေ့မှာ စုစုပေါင်း ကိုဗစ် အတည်ပြုသူနာက ၃၅ ဦးရှိပါတယ်” ဟု ကျောက်မဲမြို့က နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ ဥက္ကဌဖြစ်သူ ဦးစိုင်းငွေက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ကျောက်မဲမြို့နယ်အတွင်းတွင် ယနေ့ ဇူလိုင်လ ( ၁၂ ) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ( ၁၇၉ ) ဦးတွေ့ရှိထားပြီး အတည်ပြုလူနာများအနက် (၄) ဦးသေဆုံးသွားကြောင်းနှင့် ပြည်သူများ ကျန်းမာရေး ကို အရင်ကထက်ပိုမို ဂရုစိုက်ကြရန်လည်း ဦးစိုင်းသိန်းငွေက ပြောသည်။ 

“ကျနော်တို့ကျောက်မဲမြို့မှာ ကိုဗစ်က များလာပြီ၊ ကိုဗစ်ကြောင့် သေဆုံးသူလည်း ၄ ဦးရှိနေပြီဖြစ်လို့ ပြည်သူတွေ အရေးမကြီးရင် အပြင်မထွက်ကြဖို့၊ ပြီးတော့ ထွက်ရင်လည်း Mask သေချာတပ်ဖို့၊ ကိုယ့်ကျန်းမာရေးကို အရင်ကထက်ပိုဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း၌ ကူညီလုပ်ဆောင်ပေးနေသာ လူမှုကူညီရေးအသင်း နှင့် ပရဟိတ သမားများအတွက် PPE၊ လက်အိတ်ကဲ့သို့သော အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်ကြောင်း သိရသည်။ 

ဇူလိုင်လဆန်းမှစပြီး ကျောက်မဲမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ် သည့် အနေဖြင့် ဗဟိုမြို့မဈေး၊ နံနက်ခင်းဈေးနှင့် ညဈေးတို့ကို ပိတ်ထားပြီး အခွန်လွတ်ဈေးတစ်ခု ကိုသာ ဖွင့်ခွင့်ပေးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျောက်မဲတွင် မြို့မရဲစခန်းမှ အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉ တွေ့ရှိ ကျောက်မဲတွင် မြို့မရဲစခန်းမှ အကျဉ်းသား (၁၄)ဦး  ကိုဗစ်-၁၉  တွေ့ရှိ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.