မြန်မာ ကိုဗစ်ကူးစက်သူ ၄,၃၀၀ ကျော်၊ သေဆုံးသူ ၆၄ ဦး ထပ်တို



Share/Bookmark
တောင်ငူမြို့က ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးကို ပရဟိတအဖွဲွ့တခုမှ သယ်ယူစဉ် (ဓာတ်ပုံ - STR/AFP)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄,၃၀၀ ကျော် ဒီကနေ့ ဓါတ်ခွဲအတည်ပြုချက်တွေ့ပါတယ်။

ဓါတ်ခွဲစစ်ဆေးမှုပေါင်း ၁၅,၇၄၇ ခုမှာ ပိုးတွေ့သူ ၄,၃၂၀ ဦးရှိကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုည ၈ နာရီမှာ ထုတ်ပြန်တာပါ။

၂၄ နာရီအတွင်း သေဆုံးသူက ၆၄ ဦးထိ ရှိခဲ့ပြီး အခုထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းက ၃,၆၈၅ ယောက်ရှိပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပိုးတွေ့သူ အရေအတွက်ရော သေဆုံးသူ အရေအတွက်ပါ တနေ့ထက်တနေ့ စံချိန်တင်တိုးလာနေတာပါ။ ကပ်ရောဂါစတင်ချိန်ကတည်းက ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၈ သိန်းဝန်းကျင် လုပ်ထားပြီးပါပြီ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးမှုမှာ ပိုးတွေ့သူ ၂၇.၄၃%၊ ပြန်လည်သက်သာသွားသူက ၇၇.၈% နဲ့ သေဆုံးမှု ၂% ရာခိုင်နှုန်းရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံတဝန်း ပိုးကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကပ်ရောဂါထိန်းချုပ်ရေး မလိုအပ်ဘဲ အိမ်ပြင်မထွက် Stay-at-Home အမိန့်တွေ ရန်ကုန် ၁၀ မြို့နယ်အပြင် အခြားဒေသတချို့မှာလည်း လတ်တလော ထုတ်ပြန်ထားပါတယ်။ လက်ရှိချိန်ထိ Stay-at-Home အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ် ၄၄ ခုထက်မနည်း ရှိသွားပါပြီ။

မြန်မာနိုင်ငံတွင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် ရောဂါပိုးစစ်ဆေးနိုင်မှု အားနည်းနေသလို ကျန်းမာရေးစနစ်လည်း လုံးဝ ပြိုလဲမလိုဖြစ်နေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Myanmar-covid-third-wave-covid-new-variant-virus-updated-/5959755.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ