ဥသျှစ်ပင်မြို့မှာ မီတာမဆောင်တဲ့ အိမ်တွေက မီးကြိုးတွေကို လိုက်ဖြုတ်နေ




ဥသျှစ်ပင်၊ ဇူလိုင် ၁၁၊ ၂၀၂၁။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှာ မီတာခ မဆောင်တဲ့ အိမ်တွေကို မီးကြိုးတွေလိုက်ဖြုတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဥသျှစ်ပင်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းတွေက   မီတာဆောင်ဖို့နဲ့ မဆောင်ရင် မီးဖြတ်မယ်ဆိုတဲ့ အကြောင်း လူစုခွဲပြီး လိုက်ပြောခဲ့သလို လူမှုကွန်ယက်စာမျက်နှာမှာလည်း သတိပေးစာ ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။

" လောလောဆယ် အတိအကျဆို ၃အိမ် ဖြုတ်ပြီးပြီ အိမ်ကိုသွယ်တဲ့ မီးကြိုးတွေဖြုတ်တာ မီတာပုံးတွေတော့ မဖြုတ်ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုမီးကြိုးအဖြုတ်ခံရတဲ့ နေရာက ဥသျှစ်ပင်မြို့၊ လမ်းမတော်လမ်း၊ ရွှေပင်ရပ်ကွက်မှာပါ။ လက်ရှိ အချိန်ထိ ၃အိမ်ဖြုတ်ထားပြီး မိုးရွာနေလို့ ပြန်သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

ဥသျှစ်ပင်မြို့မှာ မီတာမဆောင်တဲ့ အိမ်တွေက မီးကြိုးတွေကို လိုက်ဖြုတ်နေ ဥသျှစ်ပင်မြို့မှာ မီတာမဆောင်တဲ့ အိမ်တွေက မီးကြိုးတွေကို လိုက်ဖြုတ်နေ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.