မိဘမဲ့ဂေဟာကျောင်းတစ်ခုတွင် ကလေး ၆၀ ဦး ကိုဗစ်ကူးစက်ခံရပြီး တစ်ဦးသေဆုံး


July 31,2021/Kachin News Group

ဗန်းမော်မြို့ ပင်စင်ကုန်းရပ်ကွက် ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာ ကျောင်းတွင်ရှိသော ကလေး ၆၀ ဦးထက်နည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့ရှိ လူငယ်တစ်ဦး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်းသိရသည်။

ကလေး ၆၀ ဦးပိုးတွေ့သည့် မိဘမဲ့ဂေဟာကျောင်းကို အသွားအလာကန့်သတ်ထားသည့်အတွက် ကလေးငယ်များအတွက် အစားအသောက်နှင့် ဆေးဝါးကုသမှုများ အရေးတကြီး လိုအပ်နေကြောင်း ဂေဟာကျောင်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။ 

“ဂေဟာကျောင်းက စစ်ရှောင်စခန်းနဲ့အနီးမှာဆိုတော့ အားလုံးပျံ့သွာသလိုဖြစ်သွားတာပေါ့။ စစ်ရှောင်စခန်းမှာအရင်ဖြစ်တယ်။ နောက်ပိုင်း ဂေဟာက ကလေးတွေအားလုံးက ဖျားလာကြတယ်။ ဒီမနက်ပိုင်းက ကလေးတစ်ဦး ကိုဗစ်ကြောင့် ဆုံးသွားတယ်။ အဲ့ကြောင့် အခုဖျားနေတဲ့ ကလေးတွေအတွက် အစားအသောက်တွေ လိုအပ်နေတယ်။ ပြီးရင် ဆေးရုံက လူတွေနာရင်လည်း နေအိမ်မှာဘဲ ကုဖို့ပြောတယ်။ ဆေးရုံကို လက်မခံတော့ဘူး။ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်းလိုအပ်တယ်”ဟုပြောဆိုသည်။

မိဘမဲ့ဂေဟာကျောင်းတွင် ကလေး ၇၆ ဦးရှိသည့်အနက် ၆၀ဦးတွင်ပိုးတွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသွားသည့်သူမှာ ၉ တန်းကျောင်းသား တစ်ဦးဖြစ်ကြောင်းသိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

မိဘမဲ့ဂေဟာကျောင်းတစ်ခုတွင် ကလေး ၆၀ ဦး ကိုဗစ်ကူးစက်ခံရပြီး တစ်ဦးသေဆုံး မိဘမဲ့ဂေဟာကျောင်းတစ်ခုတွင် ကလေး ၆၀ ဦး ကိုဗစ်ကူးစက်ခံရပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.