မန္တလေးမှာလည်း ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်နေ၊ စစ်ကိုင်းနဲ့ မြစ်ငယ်အပါအဝင် အနီးအနားမြို့တွေပါ မန္တလေးမှာ အောက်ဆီဂျင်လာဖြည့်နေရ

စစ်ကိုင်းနဲ့ မြစ်ငယ်အပါအဝင် အနီးအနားမြို့တွေပါ မန္တလေးမှာ အောက်ဆီဂျင်လာဖြည့်နေရ

မန္တလေးမှာလည်း ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်နေပြီး အေးရိပ်ငြိမ်၊ တောင်အင်းမြောက်အင်းနဲ့ ကြာနီ ကန်သုဿာန်တွေမှာ သုဿန်တစ်ခုစီကို နေ့စဉ် သေဆုံးသူတစ်ရာကျော်စီ သဂြိၤုဟ်ပေးနေရတယ်လို့ မန္တလေးအခြေစိုက် ပရဟိတအဖွဲ့တွေကပြောပါတယ်။

‘ ‘ သေတာကတော့ နေ့တိုင်းတက်နေတာ။ အခုလည်း ဆေးရုံတွေမှာသေတဲ့သူတွေ နေအိမ်မှာသေတဲ့ သူတွေ ကျွန်တော်တို့ တစ်ဖွဲ့တည်းတင် မနက်တပိုင်းကို ၂၀ လောက် သဂြိၤုဟ်ဖို့ ပို့ပေးရတယ်။ ညနေလည်း အခုထပ်ပို့နေရတယ်။ သေတာကတော့ မန္တလေး ၇ မြို့နယ်လုံးကပဲ။’’လို့ ရင်ဘတ်တူညီနောင် ကယ်ဆယ် ရေး အဖွဲ့က ဥက္ကဋ္ဌဖြစ်သူဦးသက်မျိုးဦးက ပြောပါတယ်။

သေဆုံးသူမြင့်တက်ရတဲ့အကြောင်းအရင်းထဲမယ် အောက်ဆီဂျင်ရဖို့ ခက်ခဲတာကလည်း တစ်ခုအပါ အဝင်ဖြစ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

‘ ‘ အောက်ဆီဂျင်ကလည်းတနေကုန်တန်းစီရတာ။ ညပိုင်းမှ ရတော့ ကာဖျုးလည်းမကြောက်နိုင်ကြ တော့ဘူး။ မနေ့ညကဆို လာဖြည့်တာ စစ်ကိုင်းတို့ မြစ်ငယ်တို့ကပါ လာဖြည့်ကြတာ။ လူတွေက အောက်ဆီဂျင်ဘယ်နေရာရလည်း ရတဲ့နေရာလိုက်ဖြည့်နေကြရတာ။’’လို့ အောက်ဆီဂျင် အခက်အခဲကြုံ နေရဆဲ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းသူကပြောပြပါတယ်။

တစ်ရက်ကို ရာချီသေဆုံးနေ

BBC Burmese

https://www.bbc.com/burmese/live/burma-57783160

မန္တလေးမှာလည်း ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်နေ၊ စစ်ကိုင်းနဲ့ မြစ်ငယ်အပါအဝင် အနီးအနားမြို့တွေပါ မန္တလေးမှာ အောက်ဆီဂျင်လာဖြည့်နေရ  မန္တလေးမှာလည်း ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်နေ၊ စစ်ကိုင်းနဲ့ မြစ်ငယ်အပါအဝင် အနီးအနားမြို့တွေပါ မန္တလေးမှာ အောက်ဆီဂျင်လာဖြည့်နေရ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.