မြန်မာအတွက် ဂျပန်က အောက်ဆီဂျင် အစားထိုးစက် ၇၀၀ လှူမယ်

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှု ပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရ

ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် အောက်ဆီဂျင် အစားထိုးစက်တွေ လှူဒါန်းဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စလို့ မြန်မာနိုင်ငံမှာ ကူးစက်မြန် ဒယ်လ်တာ ပိုးကြောင့် ရောဂါကူးစက်မှုတွေ အလျင်အမြန် ပျံ့နှံ့လာနေပြီး နေ့စဉ်သေဆုံးမှုနှုန်းကလည်း စံချိန်တင် တိုးလာနေတာပါ။

ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့အပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အကြပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှု ပြဿနာက ကြီးထွားလာခဲ့တာပါ။

ဒီ့အတွက် ကိုဗစ်လူနာတွေကို ဆေးကုသပေးနေတဲ့ နေရာတွေကို အောက်ဆီဂျင် သန့်စင်စက် အလုံး ၇၀၀ လောက် ပို့ပေးဖို့ ဂျပန်အစိုးရက ဒီကနေ့မှာပဲ ဆုံးဖြတ်လိုက်ပါတယ်။

ဂျပန်အစိုးရက ကုလသမဂ္ဂ အေဂျင်စီတစ်ခုကနေတဆင့် အဲဒီ အောက်ဆီဂျင်စက်တွေ ဝယ်ဖို့ ဒေါ်လာ ၉ သိန်း ထောက်ပံ့မှာ ဖြစ်ပြီး မြန်မာနိုင်ငံကို မြန်နိုင်သမျှ အမြန်ဆုံး ပို့ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန်အစိုးရက အရေးပေါ် လူနာတင်ကား ၁၄ စင်းကိုလည်း မြန်မာနိုင်ငံကို လှူဒါန်းဖို့ စီစဉ်နေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

မြန်မာအတွက် ဂျပန်က အောက်ဆီဂျင် အစားထိုးစက် ၇၀၀ လှူမယ်  မြန်မာအတွက် ဂျပန်က အောက်ဆီဂျင် အစားထိုးစက် ၇၀၀ လှူမယ် Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.