စကစတပ်က ပစ်သတ်သွားတဲ့ လူငယ် ၄ယောက်ရဲ့ ဈာပနာကိုအလောင်းမရှိပဲပြုလုပ်



စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာ (Zalenphai village)မှ လူငယ် ၆ ယောက်ဟာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် အနီးနားရွာသိုလည်ပတ်ရာမှ ပြန်လာစဉ် ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာကြား တံတားပေါ်အရောက်တွင် အကြမ်းဖက်စကစတပ်က ပစ်ခတ်လို့ လူငယ် (၂)ယောက် ပွဲချင်းသေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၃ ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားစဉ် ၂ ယောက်ထပ်မံသေဆုံးသွားပါတယ်။ 

ကျန်တစ်ယောက်ကတော့ မနေ့ဇူလိုင် ၁၂ ရက်တွင် ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ပြန်လွတ်မြောက်လာပါတယ်။

သေဆုံးသွားတဲ့လူငယ်‌ ၄ ယောက်မှာ ငမ်ကျင်ပေါင် (၂၃ နှစ်)၊ မာန်ဂိုးဟို (၁၇နှစ်)၊ ဒိုခိုလက် (၁၆ နှစ်)၊ နဲ့ ပေါင်ဂင်းမန် (၁၈နှစ်)တို့ဖြစ်ပါတယ်။

၎င်းတို့အလောင်းကို မိသားစုထံပြန်မပေးဘဲ စကစတပ်က မင်းသာအခြေစိုက်တပ်စခန်းတွင်မြေမြုပ်ကြပါတယ်။

ဒါကြောင့် ဈာမနာအခမ်းအနားကို အလောင်းမပါဘဲ ဒီကနေ့ ဇူလိုင် ၁၃ ရက်တွင် ရွာမှာပြုလုပ်ကြပါတယ်။


Zalen

https://www.facebook.com/zalen.info/

စကစတပ်က ပစ်သတ်သွားတဲ့ လူငယ် ၄ယောက်ရဲ့ ဈာပနာကိုအလောင်းမရှိပဲပြုလုပ် စကစတပ်က ပစ်သတ်သွားတဲ့ လူငယ် ၄ယောက်ရဲ့ ဈာပနာကိုအလောင်းမရှိပဲပြုလုပ် Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.