တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်

 တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ပစ်ခတ်မှုတွေမနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ညနေပိုင်း နေရာနှစ်နေရာခန့်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ တောင်ကြီးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနက်ပိုင်းကတောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်မှာ အိမ်စီးကားတစ်စီး အပစ်ခံရပြီး လူတစ်ဦး အနည်းဆုံးသေဆုံးကာ ၂ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းကလည်း တောင်ကြီး လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို ညနေ ၆ နာရီဝန်းကျင်ကလည်း တောင်ကြီးမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သူတို့ကပြောပါတယ်။

မနက်ပိုင်းတောင်ကြီးမြို့ ပစ်ခတ်မှုက သေဆုံးသူတွေရဲ့ အလောင်းကို စစ်ကောင်စီဘက်ကယူသွားတာကို တွေ့ရပြီး ဒဏ်ရာရသူတွေကို ဖမ်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှု ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်  တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ် Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.