နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ်

စစ်အာဏာသိမ်းပြီးနောက် ဘော်တွင်းမှာ ငွေအရင်းအနှီးထည့်မယ့်သူတွေ ကိုယ်ရှိန်သတ်


ရှမ်းပြည်နယ် နမ္မတူဘော်တွင်းရဲ့ ရှယ်ယာ အများစု ၅၁% ကို ပိုင်တဲ့ ဩစတြေးလျ အခြေစိုက် မြန်မာမက်တယ် Myanmar Metalsကုမ္ပဏီဟာ သူတို့ပိုင်ရှယ်ယာတွေ ရောင်းဖို့ စီစဥ်ထားတယ်လို့ ဇူလိုင် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ဘော်တွင်း ပရောဂျက်ကို ဆက်လုပ်ဖို့ရာ အခက် တွေ့လာရတယ်လို့ ဆိုပါတယ်။

“ပရောဂျက်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ငင်း အခြေအနေတွေမှာ ရလာဖို့ ဆိုရင် အင်မတန် ခက်ခဲမှာ ဖြစ်ပြီး၊ လက်တွေ့အရ မဖြစ်နိုင်ဘူးလို့ ဘုဒ်အဖွဲ့က သုံးသပ်ထားတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

ရှယ်ယာရှင်တွေ အတွက် အကောင်းဆုံးကတော့ ဘော်တွင်း ပရောဂျက်ထဲ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းတာဖြစ်စေ၊ မြန်မာမက်တယ် ကုမ္ပဏီတစ်ခုလုံးကို ရောက်တာဖြစ်စေ ပြုလုပ်ဖို့လိုတယ် ဆိုပြီး ဘုဒ်အဖွဲ့က ဆုံးဖြတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဘော်တွင်း ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင် ပြောဆိုထားသူတွေ အားလုံး ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းငွေထုတ်မပေးတော့ဖို့ စိတ်ပြောင်းသွားကြတယ်လို့ နားလည်ရပါတယ်။

ဒါ့ကြောင့် ပရောဂျက်ထဲ ဆက်ပါနေဦးမယ်ဆိုရင် မြန်မာမက်တယ် အနေနဲ့ လက်ရှိ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါးဟာ တစ်နှစ်အတွင်း ကုန်သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဘော်တွင်း ပရောဂျက်ဟာ ငွေသတ္တုတင်မက၊ ခဲနဲ့ သွပ်တို့ပါ ထုတ်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ရဲ့ ရှယ်ရာအများစု ၅၁%ကို ဩစတြေးလျ ကုမ္ပဏီ မြန်မာမက်တယ်က ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး၊ ကျန် ရှယ်ယာတွေကတော့ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ ဝင်းမြင့်မို ကုမ္ပဏီ လိမိတက် WMM နဲ့ အီးအေပီ ဂလိုဘယ် EAP တို့ တဝက်စီပိုင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

မြန်မာမက်တယ်က နမ္မတူဘော်တွင်း ပရောဂျက် ရှယ်ယာ အများစုကို ရောင်းချဖို့ ဝယ်လက်တွေကို ရှာတဲ့အခါ၊ တရုတ်အခြေစိုက် ယင်တိုင် ဂိုးလ်ဒ် ကော်ပိုရေးရှင်း Yintai Gold Co ဆိုတဲ့ သတ္တုတွင်း ကုမ္ပဏီက စိတ်ဝင်စားပြီး အမေရိကန် ဒေါ်လာ ၆၆ သန်းခွဲ ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီက ဝ​ယ်မယ်ဆိုပြီး ကမ်းလှမ်းထား


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ် နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ် Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.