ပုံပါကျင်မြို့ရဲစခန်းမှူး အရက်မူး စကားများပြီး စည်ပင်ဝန်ထမ်းကို သေနတ်ပစ်သတ်


သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၂

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့တွင် ယမန်နေ့ (ဇူလိုင် ၁)ရက် ည ၁၁နာရီတွင် ရဲစခန်းမှူး အရက်သောက်ပြီး စည်ပင်ဝန်ထမ်း တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့  ည (၁၁)နာရီတွင် မိုင်းတုံမြို့နယ် နားကောင်းမူးနယ်မြေရဲစခန်း မှ စခန်းမှူး ဖြစ်သူ ရဲအုပ် အောင်ကျော်စွာ နှင့် ပုံပါကျင်မြို့ စည်ပင်ဝန်ထမ်း ကိုနေဆန် တို့ အရက်ဆိုင် တစ်ဆိုင်တွင် အရက်အတူတူ သောက်ရာမှ စကားများကြပြီး၊ စခန်းမှူး က စည်ပင်ဝန်ထမ်း ကိုနေဆန်း၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း နားကောင်းမူးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့က အရက်အတူတူ သွားသောက်ကြရာ ကနေ အချင်းချင်း စကားများကြပြီး စခန်းမှူးဖြစ်သူက စည်ပင်ဝန်ထမ်းကို သေနတ်နဲ့ ပစ်သတ်ကြတယ်။ သူ့ရင်ဘတ်ကို ထိသွားတယ်၊ တစ်ချက်တည်းပဲ” ဟု နားကောင်းမူးမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့  ည ၁၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပစ်ခတ်ခံရသူ ကိုနေဆန်းကို ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် စခန်းမှူး ရဲအုပ်အောင်ကျော်စွာကိုလည်း ယနေ့ ( ဇူလိုင် ၂) ရက် မနက်ပိုင်းတွင်  နားကောင်းမူး နယ်မြေအတွင်း၌ ဖမ်းဆီးရမိကြောင်းလည်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ပုံပါကျင်မြို့ရဲစခန်းမှူး အရက်မူး စကားများပြီး စည်ပင်ဝန်ထမ်းကို သေနတ်ပစ်သတ် ပုံပါကျင်မြို့ရဲစခန်းမှူး အရက်မူး စကားများပြီး စည်ပင်ဝန်ထမ်းကို သေနတ်ပစ်သတ် Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.