ငွေစက္ကူတွေကနေလည်း ကိုဗစ်ကူးစက်နိုင်


(အယ်ဒီတာထံပေးစာ)

အခု covid ကူးစက်နိုင်မှု အထဲမှာ ဘဏ်တွေပုံမှန်လိုမလည်ပတ်နိုင်တဲ့အခြေအနေနဲ့ ဒစ်ဂျစ်တယ်အွန်လိုင်းငွေပေးချေမှုတွေအလုပ်မဖြစ်တော့တဲ့အခြေအနေမှာရန်ကုန်လိုမြို့ကြီးကအစ နယ်ကသူတွေ ပေါ့ပေါ့တွေးတာ တစ်ခုရှိနေတယ်၊ အခုလိုအချိန်မှာ နေ့တိုင်း အချိန်တိုင်း လူနဲ့ အမြဲတမ်းနီးပါး အတူရှိပြီး၊ လက်လွှဲ အများဆုံးနဲ့၊ ရောဂါပိုးကို လွယ်လွယ်နဲ့ ဖြန့်ဖြူးနေနိုင်တာ တစ်ခုက " ငွေစက္ကူပိုက်ဆံ ဖြစ်ပါတယ်။

"ပိုက်ဆံ" ကို လူတိုင်းက လွယ်လွယ်ပဲ ကိုင်ပြီး၊ အိပ်ထဲထည့်၊ ပြီးရင် ပြန်သုံး၊ နောက်ထပ် ပိုက်ဆံတွေနဲ့ရော၊ ပြီးတော့ နောက်တစ်နေရာမှာသုံး၊ ဆိုတော့ positive ဖြစ်တဲ့သူနဲ့ ထိထားပြီးတဲ့ ပိုက်ဆံတွေဟာ.....အဆင့်ဆင့် လည်ပတ်နေမှာ ဖြစ်တယ်၊ တစ်နည်းအားဖြင့် " လူထက် ပိုက်ဆံက" ( ကိုဗစ် positive လူနာ ထက် ကိုဗစ် positive ပိုက်ဆံ) က ရောဂါပိုးတွေကို သယ်ယူ လှည့်လည်နေတာကြောင့် ​ရောဂါကူးစက်မှုတွေဟာ ပိုမြန်နိုင်သလို၊ အပြင်မထွက်တဲ့ သူတွေကိုလည်း ကူးစက်မှုတွေ ရှိနေတာ အများကြီး ဖြစ်နေနိုင်ပါတယ်။ 

တရုတ်မှာ ပိုက်ဆံတွေကို ဘဏ်တွေက ပိုးသတ်နေသလို၊ အိမ်သုံး စက်အသေးစားတွေနဲ့ ပိုးသတ်နေကြတယ်လို့ သိရတယ်၊ အဲ့ဒါကြောင့် " positive ပိုက်ဆံ" ကိစ္စကို မီးမောင်းထိုးပြဖို့ လိုနေပြီလို့ ထင်တယ်။ အခြား Media တွေမှာလည်း သိပ်မတွေ့ရပါ။

ပြည်သူတစ်ဦး


Chin World 

https://www.facebook.com/chinworldmedia/

ငွေစက္ကူတွေကနေလည်း ကိုဗစ်ကူးစက်နိုင် ငွေစက္ကူတွေကနေလည်း ကိုဗစ်ကူးစက်နိုင် Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.