ကျိုတ်လတ်မြို့မှာ လူ ၅၀ ကျော်ခန့် ကို စစ်ကောင်စီတပ်တွေဖမ်းဆီး

ကျိုတ်လတ်မြို့ အထက ၁ မှာ ဇွန်လ ၂၉ ရက် ပေါက်ကွဲမှု အပြီး မိဘတွေရောက်လာခဲ့ကြ

ဧရာဝတီတိုင်း ကျိုတ်လတ်မြို့အထက်တန်းကျောင်းနဲ့ နေရာအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း မြို့ပေါ်က လူအများအပြားကို စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးနေတယ်လို ကျိုတ်လတ်မြို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မြို့ပေါ်က လူသိများထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ အဖမ်းခံနေရသလို အနည်းဆုံး လူ ၅၀ ခန့်ထိဖမ်းဆီးထားတယ်လို့လည်း သူတို့ကပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့ ညပိုင်းမှာ နေအိမ်တွေမှာ စစ်ကောင်စီတပ်တွေက လိုက်ပြီးဖမ်းသလို ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း ထပ်မံဖမ်းဆီးတာတွေရှိတာကြောင့် အချို့လည်း တိမ်းရှောင်နေကြရတယ်လို့လည်း သူတို့က ပြောပါတယ်။

ဖမ်းဆီးခံရ သူအများစုဟာ ဆန္ဒပြပွဲမှာ ပါဝင်သူတွေဖြစ်ပေမယ့် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်မှုမရှိကြောင်း တရားခံမဖော်ထုတ်နိုင်လို့ အခုလို အများအပြားကို လိုက်ဖမ်းပြီး စစ်ဆေးနေတာဖြစ်နိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဇွန်လ ၂၉ ရက် မနက်ပိုင်းနဲ့နေ့လယ်ခင်းမှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့ပြီး အနည်းဆုံး ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ မြို့ခံ တွေဆီက သိရပါတယ်။

ဇွန်လ ၂၉ ရက် ပေါက်ကွဲမှုတွေဟာ မြို့ပေါ် ၁ ရပ်ကွက်မှာရှိတဲ့ အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနဲ့ ကျိုက်လတ်မြို့ကနေ ဖျာပုံမြို့ဘက်ကို အထွက် စစ်ဆေးရေးဂိတ်တို့မှာ ၁၅ မိနစ်စီခန့်ခြားပြီး ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ကျိုတ်လတ်မြို့မှာ လူ ၅၀ ကျော်ခန့် ကို စစ်ကောင်စီတပ်တွေဖမ်းဆီး  ကျိုတ်လတ်မြို့မှာ လူ ၅၀ ကျော်ခန့် ကို စစ်ကောင်စီတပ်တွေဖမ်းဆီး Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.