ပဲခူးမြို့ ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးမြို့ ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ ပစ်သတ်ခံရ ပဲခူးမြို့က လူငယ်အချို့ ၂၀၂၁၊ မေ ၉ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့စဥ် / Photo: Citizen Journalist


ပဲခူးမြို့၊ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် (၁၅) လမ်းက ရပ်ကွပ်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော် ကို ဇူလိုင် ၄ ရက် ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဦးကျော်ကျော်က ဆိုင်ကယ်နဲ့ သွားနေချိန် နောက်က သေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

"ဆိုရှယ်လစ် (၇) လမ်းထိပ်ကနေပြီးတော့ ဆိုရှယ်လစ် (၈) လမ်းထိပ်ကို သူကသွားနေချိန်မှာ နောက်က ပစ်လိုက်တာ။ ဆိုရှယ်လစ် (၉) လမ်းကျော်ထိ ရောက်သွားတယ်။ နောက်တစ်ချက် ထပ်ပစ်တယ်။ ထိသွားပြီး လဲသွားတယ်။ ဆေးရုံသွားတော့ သေသွားပြီလို့ ပြောတာပဲ၊ သူက အခု အုပ်ချုပ်ရေးမှူးတော့ မဟုတ်ဘူး။ ဦးသိန်းစိန် လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း။ စစ်သားထွက်။ သူက အကြီးစား ဒလန်။"

လွန်ခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ပဲခူးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုကို စစ်ကောင်စီက ဖြိုခွင်းလို့ လူအများအပြားသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးကျော်ကျော်ဟာ စစ်ကောင်စီကို အဓိက သတင်းပေးသူဖြစ်တယ်လို့လည်း စွပ်စွဲပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ်ကို အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/former-bago-administrator-death-07042021022622.html

ပဲခူးမြို့ ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ ပစ်သတ်ခံရ  ပဲခူးမြို့ ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 02:54 Rating: 5

No comments:

Powered by Blogger.