သေနတ်ကိုင် စကစခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ


မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်  ဒီကနေ့မနက်ပိုင်းက မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံရကာ သေဆုံးသွားပါတယ်။ 

သေဆုံးသူ ဦးအောင်မြင့်ဟာ သူနေထိုင်တဲ့နယ်တဝိုက်မှာ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ရဲသတင်းပေး ဒလံတစ်ဦးဖြစ်ပြီး သေနတ် အမြဲတမ်းကိုင်ဆောင်ထားတယ်လို့သိရပါတယ်။

မျက်မြင်တချို့ပြောကြားချက်အရ ဦးအောင်မြင့်ကိုပစ်သွားတဲ့သေနတ်သမားတွေက ကျန်တဲ့ဒလံတွေအလှည့်လည်း မကြာမီလာမည်လို့ ပြောသွားကြောင်းသိရပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

သေနတ်ကိုင် စကစခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ သေနတ်ကိုင် စကစခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.