နမ့်ဖတ်ကာ (၁၃)နှစ် သီလရှင် ကို စစ်သားမှ အတင်းအဓမ္မပြုကျင့် အမှုကို ဖုံးကွယ်ရန် ကြိုးစား


သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မှ (၁၃)နှစ် အရွယ်ရှိ  သီလရှင် တပါးကို မြန်မာ့စစ်သားက အတင်းအဓမ္မပြုကျင့်ခဲ့ပြီးအမှုကိစ္စသည် ဖုံးကွယ်ရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် မေ ၂၅ရက် မှ ဇွန် (၇)ရက်အထိ မြန်မာ့တပ်မတော် စစ်သားသည် အသက် (၁၃)နှစ် အရွယ် သီလရှင် ကို (၂)ကြိမ် မုဒိမ်းကျင့်ခဲ့ပြီး၊ ထိုကိစ္စကို စစ်တပ်မှ ဖုံးကွယ်ရန် ကြိုးစားနေကြောင်း၊ အချိန်ဆွဲ စစ်ဆေးမှု ပြုလုပ်နေကြောင်း သီလရှင်၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန် (၈)ရက်တွင် သီလရှင် မှ လူဝတ်သို့ပြောင်းလဲပေးခဲ့ကြောင်းသိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်တပ်မှ တရားရုံး နှင့် စစ်တပ် ခုံရုံးတွင် စစ်ဆေးခြင်းမဟုတ်ဘဲ  နမ့်ဖတ်ကာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းသို့ လာပြီး ညှိနှိုင်းကာ၊ ထိုကိစ္စကို အချိန်ကြာအောင် ဆွဲထားသည့် သဘောဖြင့် ပြုလုပ်ပြီး အမှုကိုဖုံးကွယ်ရန် ကြိုးစားနေသည် ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

“ ကျမတို့ ဒီအမှုကို အမြန်ပြီးစေချင်တယ်။စစ်ဆေးတာက ရွာဘုန်းကြီးကျောင်းမှာပါပဲ။  သူတို့ဖက်ကနေ အချိန်ဆွဲတယ်။ အချိန်ကြာအောင်လုပ်နေတာ။ဇွန်လ ၂၇ ရက်နေ့မှတွေ့ပြီးတော့ ထက် (၂)ရက် နေရင်ထက်ဆုံးမယ်ပြောတယ်။  အခုထိ ၄ ရက်ရှိပြီး အစည်းဝေးထက်မလုပ်ရသေးဘူး” ဟု သီလရှင်၏ မိသားစုဝင် တစ်ဦး က ဆိုသည်။

 ဇွန် ၂၇ ရက်တွင် ကျူးလွန်သည့် သီလရှင်၏ မိသားစုဝင်၊ ကျေးရွာ ဥက္ကဌ၊ သံဃာတော်အပါအဝင် တပ်မတော် မှ အရာရှိ(၃)ဦး တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ထိုကျူးလွန်သည့်သူက သီလရှင်၏ လက်ကိုကိုင်ပြီး၊ ပါးကို နမ်းယုံလောက်သာ ပြုလုပ်ခဲ့သည် ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

“ သူတို့ လက်ကိုင်တာ၊ ပါးနမ်းတာပဲရှိတယ်လို့ထွက်ဆိုထားတယ်။ ဖုန်းငှားဆက်တယ်လို့လည်းရေးထားတယ်။ ကလေးမက မဟုတ်ဘူးလို့ပြောလို့ သူဘက်ကပြန်ဖျတ်ပေးတယ်။” ဟု မိသားစုဝင်က ပြောသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးသွားစေချင်ကြောင်း၊ လက်ရှိမှာ ကျွန်းလွန်သည့် တပ်သားကို တပ်၏ အကျဉ်းထောင်တွင် ချုပ်ထားကြောင်းသိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

နမ့်ဖတ်ကာ (၁၃)နှစ် သီလရှင် ကို စစ်သားမှ အတင်းအဓမ္မပြုကျင့် အမှုကို ဖုံးကွယ်ရန် ကြိုးစား နမ့်ဖတ်ကာ (၁၃)နှစ် သီလရှင် ကို စစ်သားမှ အတင်းအဓမ္မပြုကျင့် အမှုကို ဖုံးကွယ်ရန် ကြိုးစား Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.