ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ၍‌ သေဆုံး



ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်ဘုရားကြီး  ကျေးရွာအုပ်ချုပ်ရေးမှူးသေနတ်ဖြင့်ပစ်ခတ် ခံရ၍‌ သေဆုံးသွားကြောင်း သိရှိရသည် ။

ဖြစ်စဥ်မှာဘုရားကြီး‌ကျေး ရွာ (လက်ရှိ) အုပ်ချုပ်ရေးမှူးဦးမျိုးမြင့် အောင်သည်ဇူလှိုင်လ ၉ရက်နံနက်၉နာရီ၁၀မိနစ်ခန့်က ရာအိမ်မှူး ဦးစန်းနိုင် ဆယ်အိမ်မှူး ဦးကျော်ရဲနိုင်တို့ နှင့် အတူဆိုင်ကယ်နှစ်စီးဖြင့်ဘုရားကြီးမှ သုံးခွမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ရုံးသို့ ၉နာရီခွဲခန့်တွင် ထွက်ခွာလာစဉ် ကျွဲခိုး ကန်နှင့်စစ်ပင်ကန် ကျေးရွာအကြားမိုင်တိုင် အမှတ်၃/၃ ကွန်ကရစ်လမ်းမပေါ်အရောက်၌ ၊ဘုရားကြီးကျေးရွာမှ စတင်ကာအနောက်မှ လိုက်ပါလာသော ဆိုင်ကယ်အမျိုးအစား ၊နံပါတ်မမှတ်မိ ၊  ဆိုင်ကယ်ဖြင့် လိုက်ပါလာသော အသက်၃၀ ဝန်းကျင်ရှိ လူငယ်နှစ်ဦးက ဖရုံကန် ကျေးရွာလမ်းမ ပေါ်အ ရောက်တွင်‌ သေနတ်အတိုဖြင့် ငါးချက်ပစ်ခတ်ရာဦးမျိုးမြင့်အောင်တွင် ဝဲဘက်နောက် ကျောတစ်ချက် ၊ဝဲဘက်ရင်အုံတစ်ချက် ၊ဝဲဘက်ချိုင်းအောက်တစ်ချက် ၊ယာဘက်ဝမ်းဗိုက်တစ်ချက် ၊ယာဘက် ရင်အုံတစ်ချက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။


ကိုကျော်သုံးခွ

https://www.facebook.com/profile.php?id=100007986165729


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ၍‌ သေဆုံး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ၍‌ သေဆုံး  Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.