နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ


သျှမ်းသံတော်ဆင့်၊ ဇူလိုင် (၂) 

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်တိန်း ကူးတို့ဆိပ် လှေစောင့်သူတစ်ဦး ယမန့်နေ့ (ဇူလိုင် ၁) ရက် ည (၈) နာရီ ဝန်းကျင် တွင် သေနတ်ပစ်သတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ 

ယမန်နေ့ ည (၈)နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်တိန်းကူတို့ဆိပ် လှေစောင့်သည့် အမျိုးသားတစ်ဦးကို  အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က သေနတ်ဖြင့် (၁၁)ပစ်ခတ်သွားကြောင်း နမ့်ခမ်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိုအမျိုးသားသည် လေဆိပ်သူတစ်ဦးဖြစ်ကြောင်း၊ သေနတ် (၁၁) ချက်ပစ်သတ်ခံခဲ့ရကြောင်း နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

“ ဟုတ်ပါတယ်။ (၁၁) ချက်လောက်ပစ်သတ်ခံရတယ်။ ဆေးရုံမရောက်ခင်မှာ ဆုံးသွားတာပါ။ သူက စစ်တပ်ကနေ ထွက်လာတဲ့ လူဖြစ်တယ်လို့ ကြားတယ်။ စစ်တပ်ကနေထွက်ပြီးတော့ ကူတို့လှေဆိပ်မှာအလုပ်လာလုပ်တာ (၅) နှစ်လောက်ရှိပြီး။ နောင်တိန်းလှေဆိပ်မှာ အစောင့်လုပ်တာ” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦး ကဆိုသည်။

အမည်မသိလက်နက်ကိုင် တပ်ဖွဲ့မှ (၂)ဦးသည် ဆိုင်ကယ်ဖြင့်လာပြီးပစ်ခတ်ကြောင်း၊ လက်ရှိအချိန်ထိ မည်သည့် အဖွဲ့ လာပစ်သွားသည်ကို မသိရှိရသေးကြောင်း နမ့်ခမ်းဒေသခံ ကပြောသည်။

“ ဆိုင်ကယ်တစ်စီးကို ၂ ယောက်စီးလာပြီးတော့ လာပစ်သွားတယ်လို့ပြောတယ်။ ဘယ်သူကလာပစ်သွားတာလဲတော့ မသိဘူး။ သေသွားတဲ့သူက အိုက်မန် လို့သူကိုခေါ်ကြတယ်။ တစ်ချို့ကတော့ ရခိုင်ကနေ လာပြီးအလုပ်လာလုပ်တာလို့လဲပြောတယ်။” ဟု အထက်ပါဒေသခံတစ်ဦးက ပြောသည်။ 

ထို့အပြင်  နမ့်ခမ်းမြို့တွင် ဇွန်လ ၂၈ ရက်တွင် နမ့်ခမ်းဒေသခံများက  သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဆန္ဒပြရာမှ ပြည်သူ ၂ ဗုံးထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ပစ်သတ်ခံရမှုများ၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသောကြောင့် နမ့်ခမ်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက “ စိတ်လုံခြုံမှုမရှိတော့ဘူး။ စိုးရိမ်ရတယ်။ ဒီနေ့ ၁၂ နာရီပဲရှိသေးတယ်။ ဈေးတွေပိတ်ကုန်ပြီး။ ပုံမှန်ဆို (၂)(၃) နာရီလောက်မှ လူတွေကပြန်ကြတယ်လေ။” ဟု ပြောသည်။ 

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် မြန်မာ-တရုတ်နယ်စပ်မြို့ ဖြစ်ပြီး၊ မကြာခဏ သေနတ်ပစ်ခတ်မှု ရှိကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.