စင်္ကာပူနိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာဖို့ သံရုံး တိုက်တွန်း

 စင်္ကာပူနိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာဖို့ သံရုံး တိုက်တွန်း

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ပိုးကူးစက်မှုတွေနဲ့ သေဆုံးသူဦးရေ နေ့စဥ်မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံတွင်းကနေ အမြန်ဆုံးထွက်ခွာကြဖို့ သူ့နိုင်ငံသားတွေကို စင်္ကာပူအစိုးရက တိုက်တွန်းနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးဝါးလာနေပြီး ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် ကယ်ဆယ်ရေး လေယာဥ်တွေရှိတုန်း ပြန်လာကြဖို့ စင်္ကာပူအစိုးရက ဆော်သြနေတာပါ။

ကယ်ဆယ်ရေး လေယာဥ်တွေ အမြဲရှိမယ်လို့ အာမမခံနိုင်သလို ခရီးသွားတွေအနေနဲ့လည်း ကိုယ်ကြိုက်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် ပြန်လာလို့ရနိုင်မယ်ဆိုတာကိုလည်း အာမ မခံနိုင်ဘူးလို့ မြန်မာနိုင်ငံ စင်္ကာပူသံရုံးက သတိပေးထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

စင်္ကာပူနိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာဖို့ သံရုံး တိုက်တွန်း  စင်္ကာပူနိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာဖို့ သံရုံး တိုက်တွန်း Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.