ဒီပဲယင်းတိုက်ပွဲမှာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လို့ရပေမယ့်လည်း အခက်အခဲတွေရှိနေ

ဒီပဲယင်းတိုက်ပွဲမှာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လို့ရပေမယ့်လည်း အခက်အခဲတွေရှိနေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ ဇွန် ၁၄ ရက်နေ့က တွေ့ရစဉ် / Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့လို့ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ငါးထောင်ကျော်တို့ဟာ ကိုယ့်နေအိမ်တွေဆီ ပြန်ရောက်လာကြပြီဖြစ်ပေမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်ကြတာတွေအပြင် အခြား ပြန်လည်ထူထောင်ရေးတွေလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ခုနစ်ရွာက ဒေသခံ ရွာသား ငါးထောင်ကျော်လောက်ဟာ တောထဲထွက်ပြေးကြရပြီး သောက်ရေ မရှိတာကြောင့် တွေ့တဲ့ရေအိုင် က မသန့်တဲ့ ရေတွေကို သောက်ခဲ့ကြရလို့ ဝမ်းရောဂါတွေဖြစ်တာ၊ တောထဲမှာ ပုန်းရှောင်ရင်း မိုးမိလို့ ဖျားနာကြရကြောင်း၊ ကလေးတွေဆိုရင်လည်း အိမ်ပြန်ရောက်လို့ တံခါးပိတ်သံ ကျယ်သွားရင်တောင် လန့်တဲ့ အထိ ကြောက်စိတ်တွေ ဝင်နေကြရတယ်လို့ ဒုက္ခသည်တွေအတွက် ဆေးဝါးတွေ ကူညီပေးနေတဲ့ လုံခြုံရေး အရ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးချိန်မှာ ကျွဲတွေ၊ နွားတွေကို ဒီအတိုင်း လွှတ်ထားခဲ့ရတဲ့အတွက် ပျောက်ဆုံးနေပြီး အခုချိန်မှာ စပါးစိုက်ပျိုးချိန် ရောက်နေပေမယ့် မစိုက်ပျိုးနိုင်ကြတာတွေလည်း ရှိနေပါတယ်။

တစ်ရွာနဲ့တစ်ရွာ သွားတဲ့လမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေထားပြီး ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေး တာကြောင့် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ PDF တပ်ဖွဲ့ဝင်တွေ ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ဒီပဲယင်း PDF ဘက်က သေဆုံးသူ ၂၆ ယောက်ရှိပြီး၊ ဒဏ်ရာရသူ ၃၃ ယောက် ရှိတယ်လို့ ဒီပဲယင်း PDF တပ်က မနေ့က ဇွန် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာတွေရှိပေမယ့်လည်း အတိအကျ ဖော်ပြထားတာတော့ မရှိခဲ့ပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/difficulties-of-tabayin-refugees-07102021054055.html

ဒီပဲယင်းတိုက်ပွဲမှာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လို့ရပေမယ့်လည်း အခက်အခဲတွေရှိနေ ဒီပဲယင်းတိုက်ပွဲမှာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လို့ရပေမယ့်လည်း အခက်အခဲတွေရှိနေ Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.