စကစတပ် ၂ လခန့်တပ်စွဲထားတဲ့ နေအိမ်‌ေဘးတွင် ခေါင်းဖြတ်သတ်ခံရတဲ့အလောင်းများတွေ့ရှိ


ဇူလိုင်လ (၁၂)၊ ၂၀၂၁။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)ကျေးရွာ အိမ်အမှတ် ၃-၂၇ တွင် စစ်ကောင်စီမှတပ်စွဲထားလျှက်ရှိပြီး  ၄င်းဘေးချင်းကပ် အိမ်တွင် အပုပ်နံ့များရရှိသောကြောင့်  ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်(ကလလတ)တပ်ဖွဲ့၊ ကယန်းပြည်သစ်ပါတီတပ်ဖွဲ့နှင့် ကယောငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးကြည့်ရာ နေအိမ်အနောက်ဖက်ရှိ အိမ်သာကပ်လျက်ကျင်းတွင် လူသေအလောင်းများကိုတွေ့ရှိခဲ့ရပါတယ်။ 

အဆိုပါအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ၂ လခန့်တပ်စွဲထားရာမှ တပ်စွဲထားသောစစ်ကောင်စီအဖွဲ့သည် ဇူလိုင်လ (၁၀) ရက်နေ့မှာတပ်ချိန်းခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါအလောင်းတွေမှာ မိသားစုလိုက်ဖြစ်နိုင်ခြေရှိပြီး ရက်ရက်စက်စက် ခေါင်းဖြတ်ပြီးသတ်ထားတာတွေကိုတွေ့ရှိရပါတယ်။

အပြစ်မဲ့ပြည်သူအလောင်းတွေကိုတော့  ပြည်သူ့လွတ်မြောက်ရေးတပ်အဖွဲ့အစည်းများမှ မီးသဂြိုလ်ပေးခဲ့ကြပါတယ်။




source - people's  defense force

PKPF သတင်းနှင့်ပြန်ကြားရေးဗျူရို


Zalen 

https://www.facebook.com/zalen.info/

စကစတပ် ၂ လခန့်တပ်စွဲထားတဲ့ နေအိမ်‌ေဘးတွင် ခေါင်းဖြတ်သတ်ခံရတဲ့အလောင်းများတွေ့ရှိ စကစတပ် ၂ လခန့်တပ်စွဲထားတဲ့ နေအိမ်‌ေဘးတွင် ခေါင်းဖြတ်သတ်ခံရတဲ့အလောင်းများတွေ့ရှိ Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.